နေပြည်တော်
စက်တင်ဘာ ၆
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်အတွင်းရှိ ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ များကို ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ ဇီးရိုင်းကျေးရွာတွင် ကျေးလက်ဒေသ
ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကျေးရွာနေပြည်သူများ သန့်ရှင်းသော သောက်သုံးရေဖူလုံစွာရရှိရေး
လူဦးရေ ၄၄၇ ဦး အသုံးပြုလျက် ရှိသည့် စက်ရေတွင်းတူးဖော်ခြင်း၊ ဂါလန် ၂၀၀၀ ဆံ့အုတ်ရေကန်
တည်ဆောက်ခြင်းနှင့် လူထုဗဟိုပြုစီမံကိန်းဖြင့် ကျေးရွာပြည်သူများကိုယ်တိုင် ဆောင်ရွက်ခဲ့သည့်
ခန်းမဆောင်တည်ဆောက်ခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအားလည်းကောင်း၊ ငါးတဲစု
ကျေးရွာတွင် လူထုဗဟိုပြုစီမံ ကိန်းဖြင့် ကျေးရွာပြည်သူများကိုယ်တိုင် ဆောင်ရွက်ခဲ့သည်
ကျေးရွာတွင်း ကွန်ကရစ်လမ်းများဆောင် ရွက်ပြီးစီးမှု အခြေအနေများအားလည်းကောင်း ကြည့်ရှုစစ်
ဆေးပြီး ကျေးရွာသူ၊ ကျေးရွာသားများအနေဖြင့် ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများကို
တန်ဖိုးထားပြီး ရေရှည်တည်တံ့ ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်း
ဆောင်ရွက်ကြစေလိုကြောင်း၊ ပိုင်ရှင်စိတ်
(Ownership) ဖြင့် ပြင်ဆင် ထိန်းသိမ်းရေး လုပ်ငန်းများကို ဆောင်ရွက်ရန်လိုအပ်ကြောင်း
ဆွေးနွေးမှာကြားသည်။
ဆက်လက်၍
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ငါးတဲစုကျေးရွာ ငွေမြိုင်သစ်တော ထွက်ပစ္စည်း ထုတ်လုပ် ရောင်း
ဝယ်ရေးသမဝါယမအသင်းသို့ရောက်ရှိပြီး မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကျေးလက်နေ ပြည်သူများ၏
လူမှုစီးပွားဘဝများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးလက်အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေး
လုပ်ငန်းများအပြင် သမဝါယမကဏ္ဍမြှင့်တင်ရေးနှင့် အသေးစား အလတ်စား စက်မှုလက်မှု လုပ်ငန်းများနှင့်
ချိတ်ဆက်ကာ ဘက်စုံကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊
ဝါးနှင့် ဝါးထုတ်ကုန်ပစ္စည်း များအား တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ် နိုင်ရေး
ဝါးလက်မှုသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဓါတ်ဆီအင်ဂျင်၊ မော်တော်
ဆိုင်ကယ်ပြုပြင်နည်းသင်တန်းများကိုလည်း ဖွင့်လှစ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက်
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဇေယျာသီရိမြို့နယ် သက်နှင်းအင်းကျေးရွာတွင် ဒေသခံ
တောင်သူများ၊ သမဝါယမအသင်းသားများ၊ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့် တွေ့ဆုံပြီး
တောင်သူ လိုအပ်ချက်ဖြစ်သည့် အရင်းအနှီး၊ မျိုး၊ သွင်းအားစုများ၊ စက်ကိရိယာများနှင့်
နည်းပညာများအား မိမိတို့ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ပေါင်းစပ် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း
ဆွေးနွေး ပြောကြားပြီး ကျေးရွာနေ လူဦးရေ ၆၄၆ ဦး အကျိုးပြုမည့် စက်ရေတွင်း တူးဖော်ခြင်းနှင့်
ဆက်စပ်လုပ် ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ
ဖြည့်စွက်မှာ ကြားသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့်
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်ရေရရှိရေးလုပ်ငန်း ၄၇ ခု၊ ကျေးလက်ကုန်ထုတ်လမ်း
၁၈ မိုင် ၂ ဖာလုံ၊ ကျေးလက်ကုန်ထုတ် တံတား (၄၂)စင်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)(၇)ရွာ၊ မြစိမ်းရောင် ကျေးရွာစီမံကိန်း(၁၆)ရွာနှင့် ကျေးလက်အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်း
(၃၄)ကြိမ်တို့ကို အကောင်ဖော်ဆောင်ရွက်ပေး
လျက်ရှိကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment