Sunday, September 12, 2021

အောင်လံမြို့နယ်၌ မြေလတ်ပွဲရုံတွင် ဝါစေ့ခွဲခြမ်းများ စုပုံထားရာဝါဂိုဒေါင်အတွင်း မီးလောင်မှုဖြစ်ပွား

အောင်လံ စက်တင်ဘာ ၁၂ 

မကွေးတိုင်းဒေသကြီး  သရက်ခရိုင် အောင်လံမြို့နယ်၌ ရွာထောင်ရပ်ကွက် ပြည်လမ်း၊ မြေလတ်ပွဲရုံတွင် ယနေ့နံနက် ၁ နာရီခွဲအချိန်ခန့်က ဝါစေ့ခြမ်းများစုပုံထားရာဝါဂိုဒေါင်အတွင်း မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 အဆိုပါမီးလောင်မှုဖြစ်ပွားရာနေရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထက်ဇော်မင်း ဦးစီးသောသန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် စုစုပေါင်း(၄၇)ဦးနှင့် ပွဲရုံအလုပ်သမားတို့သည် ရေဂါလံ(၄၈၀၀)ဆန့် မီးသတ်ယာဉ် စုစုပေါင်း(၅)စီးဖြင့် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် ဝါစေ့ခွဲခြမ်းများစုပုံထားရာဝါဂိုဒေါင်အတွင်းရှိ ဝါစေ့ပိတ်ဿာချိန်(၃၀)ပါ (၂၅)အိတ်မီးလောင်ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် လူနှင့် အခြားတိရစ္ဆာန်များ ထိခိုက် ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် ဂိုဒေါင်ပိုင်ရှင်အား အောင်လံမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)

No comments:

Post a Comment