မင်းဘူး စက်တင်ဘာ ၁၂
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်မိသားစုမှ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့ပြည်သူ့ဆေးရုံးအတွက် အသက်ရှူစက်နှင့် အမြင့်တင်ရေစင်တည်ဆောက်နိုင်ရန် အလှူငွေများကို ယမန်နေ့ နေ့လယ်ပိုင်းက ပြည်သူ့ဆေးရုံခန်းမှ၌ လာရောက်လှူဒါန်း ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က
ပြည်သူ့ဆေးရုံးအတွက် ကိုဗစ်-၁၉ ကာလ အတွင်း အမှန်တကယ်လိုအပ်သော အသက်ရှူစက်နှင့် ဆေးရုံအတွင်းရေသုံးစွဲရန်
အခက်အခဲ မဖြစ်ပေါ်စေရေးအတွက် ယခုလို လှူဒါန်းရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် စကုမြို့ပြည်သူ့ဆေးရုံအတွက်
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး ဒေါ်ဝင်းဝင်းမြင့် မိသားစုတို့မှလှူဒါန်းသော
Oxygen Concentrator (၂)လုံး၊ အမြင့်တင်ရေစင်အတွက် အလှူငွေကျပ် (၇၅)သိန်းနှင့် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး
ဦးစိုးပိုင်မြင့် နှင့်မိသားစုတို့မှ ကိုဗစ်-၁၉ အထောက်အကူပြုပစ္စည်းများကို လှူဒါန်း
ပေးအပ်ကြရာ စကုမြို့ပြည်သူ့ဆေးရုံအုပ်ကြီးနှင့် စကုမြို့အုပ်ချုပ်ရေးမှူးတို့မှ လက်ခံရယူ၍
ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးတင့်လွင်နှင့်အဖွဲ့မှ စကုမြို့ အမှတ်(၁) ရပ်ကွက် မီးသတ်စခန်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်
ရင်းရင်းနှီးနှီးတွေ့ဆုံကာ ယူနီဖောင်း ဝတ်စုံ (၃၅)စုံကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)

No comments:
Post a Comment