မြစ်ကြီးနား စက်တင်ဘာ ၁၂
ကချင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်စေရေး ပြည်နယ်ဘဏ္ဍာ၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေများ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်
ဦးခက်ထိန်နန်က ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက်
ဦးတည်ဆောင်ရွက်ရာတွင် ရေတို/ ရေရှည်စီမံကိန်းသည် ပြည်နယ်၏ အနာဂတ်အတွက် စီမံရေးဆွဲရမည်ဖြစ်သလို
လက်ရှိကာလ၏ လိုအပ်ချက်များကိုလည်း ချိန်ညှိ ရေးဆွဲရန်လိုကြောင်း၊ နိုင်ငံတော်အစိုးရ၏
လမ်းညွှန်ချက်များနှင့်အညီ ပြည်နယ်၏ စီမံကိန်းရေး ဆွဲချမှတ်ရာတွင် နိုင်ငံတော်၏ လိုအပ်ချက်၊
လိုလားချက်နှင့် မျှော်မှန်းချက်များအပေါ် မူတည်ပြီး ရွေးချယ်မှုနှင့် ရည်မှန်းချက်
ချမှတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်သူများကို တိုက်ရိုက်အကျိုး ပြုဖြစ်ထွန်းနိုင်မည့်
လုပ်ငန်းများဖြစ်စေရေး ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်ဘဏ္ဍာရေးရာဝန်ကြီး
ဦးမျိုးဆွေက အကောင်အထည်ဖော်ဆောင်ရွက် သွားမည့် စီမံကိန်းလုပ်ငန်းများ နိုင်ငံတော်၏
လမ်းညွှန်ချက်၊ ပြည်နယ်အစိုးရ၏ စီးပွားရေးမူဝါဒ ရည်မှန်းချက်များအပေါ်အခြေခံ၍ ရေးဆွဲဆောင်ရွက်ထားရှိမှုကို
ရှင်းလင်းပြောကြားပြီး ပြည်နယ် စီမံကိန်းရေးဆွဲဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါ်ဟန်အေးက
ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရေတို/ ရေရှည်လုပ်ငန်းစီမံကိန်းများ ရေးဆွဲဆောင်ရွက်ထားရှိမှု
အခြေအနေများနှင့် အကောင်အထည်ဆောင်ရွက်သွားမည့်
ဦးစားပေး စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ ပါဝါပွိုင့်ဖြင့် ရှင်းလင်း တင်ပြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများ၊
ပြည်နယ်အဆင့်ဌာနဆိုင်ရာ များက သက်ဆိုင်ရာဌာနအလိုက် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊
ပညာ ရေး၊ ကျန်းမာရေးနှင့် လူသားအရင်းအမြစ်ဆိုင်ရာကိစ္စရပ်များ၊ သဘာဝပတ်ဝန်းကျင်နှင့်
ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဆိုင်ရာ
ကိစ္စရပ်များ၊ နယ်စပ် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကဏ္ဍများအလိုက် ရေတို၊ ရေရှည် ကာလများအတွက် ဆောင်ရွက်သွားမည့် စီမံကိန်းလုပ်ငန်းများကို
ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က
ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းလုပ်ငန်းများကို အမှန်တကယ်အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်
ပြည်သူများကို တိုက်ရိုက်အကျိုးပြုစေပြီး ကျေးလက်နှင့်မြို့ပြဖွံ့ဖြိုးတိုးတက်မှုကွာဟမှု
မရှိစေရေးကို အလေးထား ဆောင်ရွက်သွားရေး၊ ရေတိုကာလအတွက် အဓိကလုပ်ဆောင်ရမည့် လုပ်ငန်းများဖြစ်စေရေးနှင့်
ကိုဗစ်အလွန်ကာလများတွင် ထိခိုက်နိုင်သည့် စီးပွားရေး ကဏ္ဍများကို ပြန်လည်ကုစားပေးနိုင်သည့်
စီမံကိန်းလုပ်ငန်းများဖြစ်စေရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ပြည်နယ်ပြန်/ဆက်
No comments:
Post a Comment