ပုဂံ စက်တင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ အနော်ရထာရပ် (ဥဇနရပ်ကွက်ရှိ) ဒေါ်ယဉ်ထွေး၏ ခြံဝင်း အတွင်းရှိ ထနောင်ပင်သည် ယနေ့နံနက် ၇ နာရီခွဲ အချိန်က ဒေါ်ယဉ်ထွေး၏ နေအိမ်ပေါ်သို့ လဲကျခဲ့ကြောင်း သတင်းရရှိ၍ ညောင်ဦးမြို့နယ်အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့မှ အရာရှိစစ်သည်များ၊ ညောင်ဦးမြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ ပုဂံနယ်မြေရှိ ရဲတပ်ဖွဲ့ဝင်များ၊ ပုဂံနယ်မြေမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့များ၊ ပုဂံမြို့ အုပ်ချုပ်ရေးမှူး ဦးအောင်ခိုင်ညွန့်နှင့် ဝန်ထမ်းများမှ သွားရောက်ခုတ်ထွင် ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ်တွင် စက်တင်ဘာလအတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး သစ် ပင်ကြီးများ အများအပြား လဲကျခဲ့ကြောင်း၊ လမ်းပိတ်ဆို့လဲကျနေသော သစ်ပင်များအား ညောင်ဦးမြို့နယ်တွင် တာဝန်ထမ်းဆောင်နေ သော လုံခြုံရေးတပ်ဖွဲ့မှ အရာရှိ စစ်သည်များ၊ ညောင်ဦးမြို့နယ်၊ မြို့မစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ပုဂံနယ်မြေ ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များနှင့် ပုဂံနယ်မြေ မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပုဂံမြို့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက ဒေါ်ယဉ်ထွေး၏ နေအိမ်ပေါ်သို့ လဲကျပိနေသည့် ထနောင်းပင်အား ခုတ်ထွင်၊ ဖြတ်တောက်ရှင်းလင်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထနောင်းပင်လဲကျမှုကြောင့် လူနှင့်တိရစ္ဆာန်ထိခိုက်မှုမရှိခဲ့ကြောင်းသိရသည်။ အဆိုပါ ထနောင်းပင်လဲကျပြီး ပျက်စီးခဲ့သည့် ဒေါ်ယဉ်ထွေးနှင့် မိသားစုများအား ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးနန်းတင့်နှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဝန်ကြီးဌာန၏ သတ်မှတ်ချက်များအတိုင်း တွက်ချက်၍ ထောက်ပံ့မှု ပေးအပ်ခဲ့ရာ အိမ်ပြင်ဆင်စရိတ် လေးသောင်းကျပ်၊ မိသားစု ၅ ဦးစာအဆွက် ဆန်ရိက္ခာ ၇ ရက်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး တစ်သောင်းငါးရာကျပ်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးနန်းတင့်မှ နှစ်သောင်းကျပ်၊ နှင့်ခေါက်ဆွဲခြောက်၊ ရေသန့်ကတ်များ ကူညီ ထောက်ပံ့ခဲ့ကြေင်း သိရသည်။
ကိုထိန်၊KPD

No comments:
Post a Comment