Friday, September 24, 2021

ဝါစိုက်တောင်သူများနှင့် ဝါလုပ်ငန်းရှင်များမှ မိမိတို့ကဏ္ဍအလိုက် ဝါသီးနှံစိုက်ပျိုး ထုတ်လုပ်မှုဖွံ့ဖြိုးတိုး တက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေး

  မိတ္ထီလာ စက်တင်ဘာ ၂၄

ဝါစိုက်တောင်သူများနှင့် ဝါလုပ်ငန်းရှင်များမှ မိမိတို့ကဏ္ဍအလိုက် ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုး တိုးတက် ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ရေး ယမန်နေ့က ခရိုင်စိုက်ပျိုးရေးဦးစီးဌာနအစည်းအဝေး ခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန မန္တလေးတိုင်းဒေသကြီးမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးစိုင်းသန်းအောင်၊ မိတ္ထီလာခရိုင်ဦးစီးမှူး ဦးဌေးနိုင်၊ မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနများမှ မြို့နယ်ဦး စီးမှူးများ၊ ဝါလုပ်ငန်းရှင်များ၊ ဝါစိုက်တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

၎င်းဆွေးနွေးပွဲတွင်  ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်မှ ၂၀၂၅-၂၀၁၆ဘဏ္ဍာရေးနှစ်အထိ တစ်နိုင်ငံလုံး ဝါစိုက်ဧက (၇) သိန်း စိုက်ပျိုးနိုင်ရေးနှင့် တစ်ဧကပျမ်းမျှအထွက်နှုန်း ပိဿာ(၅၀၀) ထွက်ရှိရေး၊ ဝါစိုက်တောင်သူများ အတွက် ဝါမျိုးစေ့လုံလောက်စွာရရှိရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနပိုင်ခြံများနှင့် မျိုးစေ့ထုတ်အကျိုး ဆောင် တောင်သူအစုအဖွဲ့များမှ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဝါစိုက်တောင်သူများနှင့် ဝါလုပ်ငန်း ရှင်များမှ မိမိတို့ကဏ္ဍအလိုက် ဝါစိုက်ပျိုးထုတ်လုပ်မှု တိုးတက်အောင်မြင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်နိုင် ရေး ဆွေးနွေးခဲ့ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မိတ္ထီလာခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသခံတောင်သူများ ဝါမျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင် ရေးအတွက် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် Quick Win အစီအစဉ်ဖြင့် ချည်မျှင်ရှည်ဝါ မျိုးစေ့ထုတ် စိုက်ဧက ၄၇၅ ဧကနှင့် တိုင်းဒေသကြီးအစီအစဉ်ဖြင့် ချည်မျှင်ရှည်ဝါ အထူးဇုံစိုက်ဧက ၆၃၅ ဧကတို့ကို စိုက်ပျိုးပြီးစီးပြီဖြစ်ရာ  ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မိတ္ထီလာခရိုင်အနေဖြင့် ဝါမျိုးစုံစိုက်ဧက (၄၄၂၇၀) စိုက်ပျိုးနိုင်ရေး လျားထား ဆောင်ရွက်လျက်ရှိရာမှ ယနေ့အထိ ဝါမျိုးစုံ စိုက်ဧက ၂၆၇၂၆ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)

No comments:

Post a Comment