ပေါင်းတည် စက်တင်ဘာ ၁
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲ ၂ နာရီက ပေါင်းတည်မြို့၊ ပျဉ်ပုံအုပ်စု၊ နတ်မှော်ရွာရှိ တိုင်းရင်းကြက်မွေးမြူရေးနှင့် ကြက်သားဖောက် ဖြန့်ချီရေးလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် တိုင်းရင်းကြက် မွေးမြူရေးနှင့် ကြက်သားဖောက် ဖြန့်ချီရေးလုပ်ငန်း လုပ်ကိုင်သူ ဦးညွန့်ဝင်းနှင့် တွေ့ဆုံ၍ တိုင်းရင်း ကြက်မွေးမြူထားသော ကြက်ခြံများနှင့်ကြက်သားဖောက်ခြင်းတို့ကို လှည့်လည် ကြည့်ရှု ခဲ့ပြီး ကြက်ခြံနှင့်ရာသီဥတုအခြေအနေ ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်းများ၊ကြက်များ၏ အစာကျွေးနှုန်း ထားများ၊ ခြံနှင့် ပတ်ဝန်းကျင် အမြဲသန့်ရှင်းအောင် ဆောင်ရွက်ထားရှိရန်နှင့် လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရသည်။
ချစ်နှင်းသုန်ဖုန်း

No comments:
Post a Comment