Wednesday, September 1, 2021

သပိတ်ကျင်းမြို့နယ်အတွင်း ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွေ့ရသည် အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်


 


သပိတ်ကျင်း စက်တင်ဘာ ၁

 

မန္တလေတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်အတွင်း ဧရာဝတီမြစ်၊ မြစ်ကျိုးအင်းအနီး ကမ်းပါးပြိုကျခြင်းဖြစ်ပွားခဲ့သောကြောင့် ပြောင်းရွေ့ခဲ့ရသော အိမ်ထောင်စုများအား ယမန့်နေ့ နံနက်ပိုင်းက ထောက်ပံ့​ငွေများ သွားရောက်ပေးအပ်ခဲ့ကြောင်းသိရသည်။

 

သပိတ်ကျင်းမြို့နယ် ကျောက်ဖျာကျေးရွာအုပ်စု၊ ကျောက်အိုးကုန်းကျေးရွာတွင် (၂၉.၈.၂၀၂၁) ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် မြစ်ကျိုးအင်း ကမ်းပါးပြို ကျခဲ့မှုကြောင့် ၎င်းမြစ်ကျိုးအင်းအနီးနေထိုင်သည့် အိမ်ထောင်စု(၄)စုနှင့် လူဦးရေ (၁၇) ဦးတို့အား တာဝန်ရှိသူများမှ ဘေးလွတ်ရာသို့ ရွေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါကမ်းပါးပြိုသည့်ကျေးရွာသို့ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်၊ အဖွဲ့ဝင်ဗိုလ်မှူးဝင်းမြတ်သူနှင့် တာဝန်ရှိသူများမှ မြို့နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ ပေးအပ်သော အိမ်ထောင်စု (၄)စုအတွက် တစ်အိမ်ထောင်လျှင် ကျပ် (၁၀၀၀၀၀)နှုန်းဖြင့် (၄၀၀၀၀၀) ကျပ်၊ လူတစ်ဦးလျှင် ဆန်ရိက္ခာ (၂၁၀၀)ကျပ်နှုန်းဖြင့် (၁၇) ဦးအတွက် (၃၅၇၀၀)ကျပ် စုစုပေါင်း (၄၃၅၇၀၀) ကျပ်အား သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

 

စိုးနိုင်ဝင်း (သပိတ်ကျင်း)



No comments:

Post a Comment