Monday, September 27, 2021

အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားသို့ တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကို တက်ရောက်


  ထားဝယ် စက်တင်ဘာ ၂၇

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ထားဝယ်မြို့နယ်ဦးစီးမှူးရုံးက ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်အးနားကို ယနေ့ နံနက် ၈ နာရီ ခွဲတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကိုက ပန်းခင်းစီမံချက်ဖြင့် ထားဝယ်မြို့၊ ဆင်ဆိပ်ရပ်ကွက်တွင် ()ရက်ကြာ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး နိုင်ငံသားကတ်နှင့် အိမ်ထောင်စုလူဦးရေ စာရင်း တို့ကို ပေးအပ်မည့် အခမ်းအနားဖြစ်ကြောင်း၊ တနင်္သာရီတို်ငးဒေသကြီးအတွင်း နေထိုင်ကြသော ပြည်သူ အားလုံးကို ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုးနှင့် အိမ်ထောင်စုလူဦးရေ စာရင်းတို့ကို ရရှိကိုင်ထားစေလိုကြောင်း၊ ပန်းခင်းစီမံချက်ကို ၂၀၂၁ ခုနှစ် မေလ()ရက်နေ့ကစပြီး ဆောင်ရွက် ပေးနေကြောင်း၊ နိုင်ငံအတွင်း နေထိုင်သူပြည်သူအားလုံး၏ နိုင်ငံသားအခွင့်အရေး မဆုံး ရှုံးစေရန်နှင့် နေ့စဉ်တိုင်းရင်းသား ပြည်သူတို့၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ပိုင်ဆိုင်မှုရေးရာများ အသုံးပြုနိုင်ရန် နိုင်ငံသား ကတ်သည် အရေးကြီးကြောင်း၊ မြေဂရမ်၊ ယာဉ်မောင်းလိုင်စင်၊ အလုပ်အကိုင်၊ နိုင်ငံရပ်ခြား သွားရောက်ခြင်း၊ ဆန္ဒမဲပေးခြင်း စသည့်လူမှုဘဝတွင် နိုင်ငံသားကတ်သည် မရှိမဖြစ် လိုအပ်ကြောင်း၊ လဝကရုံးအနေနှင့် တစ်နို်ငငံလုံးမှာရှိသော မြို့နယ်ရုံးများ၌ ပန်းခင်းစီမံချက်ဖြင့်  ကိုင်ဆောင်သင့်သည့် နိုင်ငံသားကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တနင်္သာရီတိုင်းဒေသ ကြီးအတွင်း ပန်းခင်းစီမံချက် အောင်မြင်စေရေးအတွက် အသိပညာပေးလက်ကမ်း စာစောင်များကို တိုင်းဒေသကြီးအတွင်း ဖြန့်ဝေပေးထားပြီးဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်းမှာ နိုင်ငံသား ကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်းမရှိသူများ လူမှုဘဝပြည့်စုံဖို့ နို်ငငံသားကတ်ကိုင်ကြစို့ဆိုသည့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်တွင် သွားရောက်လျှောက် ထားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထိုနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး ချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက (၁၀) နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား (၃) က၂၉၆ ခု၊ (၁၈) နှစ်ပြည့် ၆(က)၁၁၁ ခု၊ လဲလှယ် ၇၂ ခု ၊ မိတ္တူ ၅၂ ခု နှင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(ဃ)ဖြင့် အိမ်ထောင်စု(၆)ခု၊ ပုံစံ(ဂ)ဖြင့် အိမ်ထောင်စု(၂၃)ခု၊ အိမ်ထောင်စု လူဦးရေ စာရင်း(၃၀)ခု၊ အိမ်ထောင်စု လူဦးရေစာရင်း (မိတ္တူ)(၂၅)ခုတို့ကို ပြည်သူများအား ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment