Monday, September 27, 2021

ပုသိမ်ကြီးမြို့နယ်မှ ပရဟိတညီနောင် (၃)သင်း မိတ္ထီလာမြို့သို့ အောက်ဆီဂျင်နှင့် ဆေးဝါးများ သွားရောက်လှူဒါန်း


 

ပုသိမ်ကြီး စက်တင်ဘာ ၂၇

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်မှ ပရဟိတ ညီနောင်(၃)သင်းဖြစ်သည့် ဒုက္ခငြိမ်းရာ အေးမေတ္တာအသင်း၊ မေတ္တာစေတနာရှင်များအသင်း နှင့် ကူညီစိတ်ထား နှလုံးသားလှသူများအသင်း တို့ပူးပေါင်း၍ ယနေ့နံနက် ၁၀နာရီက မိတ္ထီလာမြို့သို့ ရောက်ရှိကာ အောက်ဆီဂျင်နှင့် ဆေးဝါးများ လှူဒါန်းခဲ့ကြသည်။

အဆိုပါ လှူဒါန်းမှုမှာ ဒုက္ခငြိမ်းရာအေးမေတ္တာလူမှုနာမှုကူညီအသင်း ဥက္ကဋ္ဌ ဦးအောင်ထွန်း၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မိတ္ထီလာမြို့၊ ဝန်ဇင်းရပ်ရှိ မေတ္တာရေကြည် ကိုဗစ်-၁၉ကုသရေးစင်တာသို့ အောက်ဆီဂျင် ၄၀ လီတာ အလုံး(၅၀)၊ ဆေးဝါးနှင့် ကိုးသိန်းကျပ် တန်ဖိုးရှိ Flow Meter တို့အား လှူဒါန်းရာ မေတ္တာရေကြည် ဆေးခန်းမှ ဆရာတော် ဥူးသဇ္ဇနနှင့် တာဝန်ခံ ဒေါက်တာ ဖြိုးသီဟကျော် တို့မှ လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

လှူဒါန်းရာသို့ ဒုက္ခငြိမ်းရာအေးမေတ္တာလူမှုနာမှုကူညီအသင်း ဥက္ကဋ္ဌ ဦးအောင်ထွန်း နှင့် အသင်း ဝင်များ၊ မေတ္တာစေတနာရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးဝင်းနိုင် နှင့် အသင်းဝင်များ၊ ကူညီ စိတ်ထား နှလုံးသားလှသူများအသင်းဝင်များက အောက်ဆီဂျင် နှင့် ဆေးဝါးလှူဒါန်းခြင်းများကို ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပုသိမ်ကြီးပြန်/ဆက်

No comments:

Post a Comment