ကျောင်းကုန်း စက်တင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား များအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလ စတုတ္ထသုံးလပတ်အတွက် လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ပွဲ ကို ယမန်နေ့ မွန်းလွဲပိုင်းက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အေးချမ်းသာယာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက နိုင်ငံတော်မှ ထောက်ပံ့ပေးနေမှုအပေါ် ရပ်ကွက်ကျေးရွာရှိ သက်ကြီးဘိုးဘွားများလက်ဝယ် အရောက် ပို့ပေးစေချင်ကြောင်းပြောကြားခဲ့ပြီး ၊မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သက်ထားဦးက လူမှုရေးပင်စင် ပေးအပ် ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး သက်ကြီးဘိုးဘွား တစ်ဦးလျှင်ငွေကျပ် ၃၀၀၀၀နှုန်းဖြင့် မြို့ပေါ်(၅)ရပ်ကွက်၊ ကျေးရွာ(၆၅) အုပ်စု တို့မှသက်ကြီးဘိုးဘွား (၉၇၇)ဦး အတွက် ငွေကျပ်(၂၉၂)သိန်းကျော် အား ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတို့ထံ ပေးအပ်ခဲ့ကြောင်းသိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)
No comments:
Post a Comment