Sunday, September 5, 2021

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ချောက်မြို့နယ် ပခန်းငယ်ကျေးရွာရှိ မျိုးကောင်းမျိုးသန့် ပြန့်ပွားရေးခြံမှ မျိုးစပါးစိုက်ပျိုးထားရှိမှုနှင့် ချောက်မြို့ရေဘေးရှောင် အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်း ပေးအပ်ပွဲအခမ်းအနားတက်ရောက်


 




မကွေး စက်တင်ဘာ ၅

 

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် ယနေ့နံနက် နာရီ အချိန်က မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ် ပခန်းငယ်ကျေးရွာရှိ မျိုးကောင်းမျိုးသန့် ပြန့်ပွားရေးခြံမှ မိုးစပါး စိုက်ပျိုးထားရှိမှုနှင့် ချောက်မြို့နယ်ရေဘေးရှောင် အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်း ပေးအပ်ပွဲအခမ်းအနား တက်ရောက်ခဲ့သည်။

 

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်သည့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်း၊ လူမှုရေးရာ ဝန်ကြီး ဦးစိုးပိုင်မြင့်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများ လိုက်ပါကာ မကွေးခရိုင်၊ ချောက်မြို့နယ် ပခန်းငယ်ကျေးရွာရှိ မျိုးကောင်းမျိုးသန့် ပြန့်ပွားရေးခြံတွင် ဧရာမင်းမိုးစပါး ဧက မျိုးစေ့ထုတ်ရန် စိုက်ပျိုးထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး၊ ရှင်းလင်းဆောင်တွင် တိုင်းဒေသကြီး စိုက်ပျိုး ရေးမန်နေဂျာနှင့် မြို့နယ်စိုက်ပျိုးရေးမန်နေဂျာတို့မှ ဒေသခံတောင်သူများအတွက် စပါးမျိုးကောင်း မျိုးသန့်ရရှိရေး စိုက်ပျိုးထားရှိမှု အခြေအနေနှင့် စိုက်ပျိုးသည့် နည်းပညာပိုမိုရရှိနိုင်ရေး ပညာပေး လုပ်ငန်းများဆောင်ရွက်နိုင်မှု အခြေအနေအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တောင်သူအသိပညာပေး လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန်နှင့် ယခုလိုအထွက်နှုန်း ကောင်းသည့် စပါးစိုက်ပျိုးမှုအား တောင်သူများ ပိုမိုစိုက်ပျိုးသွား နိုင်ရေး ကြိုးစားဆောင်ရွက်သွားရန် မှာကြားပြီး တောင်သူများနှင့်တွေ့ဆုံ၍ စပါးအထွက် နှုန်းရရှိမှု၊ သီးထပ်သီးညှပ် စိုက်ပျိုးမှု အခြေအနေများ မေးမြန်းပြီး ကျေးရွာများတွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှု အခြေအနေနှင့် ရောဂါကူးစက်မှု မရှိစေရေး ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီနေထိုင်သွားကြရန်၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများထံ သတင်းပေးပို့ပြီး အချိန်မှီကုသနိုင်ရေး ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

 

ဆက်လက်၍ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်းက ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှု ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရွေ့လျားမော်တော်ယာဉ်များဖြင့် ကျေးရွာများ အရောက် RDT Test Kit ဖြင့် စစ်ဆေးပေးနေသဖြင့် ကျေးရွာနေပြည်သူများ စစ်ဆေးရန် လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို ကျေးရွာနေပြည်သူအားလုံး ဆေးထိုးနှံရန် လိုအပ်ပါ ကြောင်းနှင့် ဆေးထိုးနှံနိုင်ရေး အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်  ပြောကြားသည်။

 

ဆက်လက်ပြီး လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်က ပန်းခင်းစီမံချက်ဖြင့် ကျေးရွာအရောက် နိုင်ငံသားတိုင်း နိုင်ငံသား စိစစ်ရေးကတ်ရရှိရေးနှင့် အိမ်ထောင်စုတိုင်း အိမ်ထောင်စုဇယားရရှိရေး ဆောင်ရွက် ပေးနေမှု အခြေအနေများ ရှင်းလင်းပြောကြားပြီး ဒေသခံတောင်သူများ၏ တင်ပြချက်များအပေါ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

 

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ချောက်မြို့နယ်၊ စလေဥမှင်ကိုးပေါက် လျှပ်စစ်မြစ် ရေတင်စီမံကိန်းသို့ ရောက်ရှိခဲ့ပြီး လျှပ်စစ်မြစ်ရေတင်တာဝန်ခံမှ ရေပေးဝေနေမှုနှင့် ရေမြောင်းများ ကြံ့ခိုင်မှုအခြေအနေများ ရှင်းလင်း တင်ပြရာ ဝန်ကြီးချုပ်က စီမံကိန်းသီးနှံ အပြည့်အဝစိုက်ပျိုးနိုင်ရေး ဆောင်ရွက်ရန်နှင့် ပြုပြင်ပေးရန် လိုအပ်သည့် မြောင်းများအား ပြုပြင်ဆောင်ရွက်ရန် မှာကြားပြီး ရေပေးဝေမှုအခြေအနေအား ကြည့်ရှု စစ်ဆေးခဲ့သည်။

 

ထိုမှတဆင့် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ချောက်မြို့တွင် တပ်မတော်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လှူဒါန်းငွေဖြင့် တည်ဆောက်သည့် တစ်ရက်လျှင် အောက်ဆီဂျင် ၄၀လီတာအိုး အလုံး (၂၄၀) ထွက်ရှိမည့် အောက်ဆီဂျင် Plant စက်ရုံနေရာသို့ ရောက်ရှိပြီး အောက်ဆီဂျင်စက် နေရာချထား ဆောင်ရွက်ပေးနေမှု အခြေအနေအား ကြည့်ရှု အားပေးကာ အမြန်ဆုံးလည်ပတ်နိုင်ရေး ဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

 

ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ချောက်မြို အမှတ်(၁၁) ရပ်ကွက်ရှိ သံဃာ့ဗိမ္မာန်အတွင်း ပြုလုပ်သည် ရေဘေးရှောင် အိမ်ထောင်စုများအတွက် ထောက်ပံ့ပစ္စည်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဝနိကြီးချုပ်က ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှု မရှိစေရေး စနစ်တကျ နေထိုင်ကြရန်နှင့် ကျန်းမာရေး အခက်အခဲများ ရှိပါက ကျန်းမာရေးဦးစီးဌာနသို့ အချိန်နှင့် တစ်ပြေးညီ သတင်းပေးပို့ ပြီး ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရန်လိုကြောင်း မှာကြားကာ အိမ်ထောင်စု (၄၂)စု၊ လူဦးရေ (၁၈၀) ဦးတို့အတွက် တစ်အိမ်ထောင်လျှင် ကြက်ဉ (၁၀)လုံး၊ ဆန် ()ပြည်ခွဲ၊ ခေါက်ဆွဲခြောက် (၁၀) ထုပ် Mask (၁၀)ခု ထောက်ပံ့ပေးအပ်ခဲ့ပြီး  ရေနံချောင်းမြို့သို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရှိရသည်။

 

မောင်ညီညာ(မကွေး)

No comments:

Post a Comment