နေပြည်တော် စက်တင်ဘာ ၆
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၁၁)ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်လျက်ရှိပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊
ကောင်စီတွဲဖက် အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ
တပ်မတော် အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့
ဝန်ကြီးချုပ်များက Video Conferencing ဖြင့်
တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က
အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ကိုဗစ်-၁၉
ရောဂါ ဖြစ်ပွားမှုနှုန်းကျဆင်းလာသည့် အခြေအနေများ၊ အထူးမြို့နယ်များ သတ်မှတ်၍ ဓာတ်ခွဲစစ်ဆေးမှုများ
ဆောင်ရွက်ပေးလျက်ရှိသည့်အခြေအနေများ၊ နယ်စပ်ဂိတ်များမှတဆင့်
ပြန်လည်ဝင်ရောက်လာသူများကို စနစ်တကျ စစ်ဆေး လက်ခံပေးလျက်ရှိသည့် အခြေအနေများ၊ ပြည်တွင်း၌
အောက်ဆီဂျင်လိုအပ်မှုနှုန်း ၅၀ ရာခိုင်နှုန်းအထိ ကျဆင်းလာမှု အခြေအနေများ၊ ကာကွယ်ဆေးများထိုးနှံ
ပေးလျက်ရှိသည့် အခြေအနေများ၊ ကာကွယ်ဆေးများ ဆက်လက်ရောက်ရှိလာမည့် အခြေအနေများနှင့်
ထပ်မံမှာယူထားရှိမှုအခြေအနေများ၊ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ ဆက်လက်ဆောင်ရွက်ပေးနိုင်မည့်အခြေအနေများနှင့်
ပတ်သက်၍ ဆက်လက် ဆွေးနွေးလျက်ရှိကြောင်း သတင်းရရှိသည်။





No comments:
Post a Comment