Wednesday, September 1, 2021

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ပန်းတောင်းမြို့နယ် သူရဲတန်းချောင်းအတွင်းမြေကမ်းပါးပြိုမှု ကို ကြည့်ရှု စစ်ဆေးခဲ့ပြီး ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ အောက်ဆီဂျင်စက်ရုံအဆောက်အဦ ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေး

 

                                                                    ပန်းတောင်း စက်တင်ဘာ ၁

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ယမန်နေ့ညနေ့ပိုင်းက ပန်းတောင်းမြို့နယ် သူရဲတန်းချောင်းအတွင်း မြေကမ်းပါးပြိုမှုနှင့်ဝန်ကြီးချုပ်မှ လိုအပ်သည်များဖြည့်စွတ်မှာကြား၍ လုပ်ငန်းအမြန်ပြီးစီးအောင်ဆောင်ရွက်ရန် လမ်းညွှန်မှာ ကြားခဲ့ကြောင်းသိရသည်။

 ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဥသျှစ်ပင် မြို့ရတနာပုံရပ်ကွက် ပြည်-တောင်ကုတ်ကားလမ်းရှိ  ကိုဗစ်-၁၉ ပူးပေါင်းစစ်ဆေးရေး ဂိတ်သို့ရောက်ရှိပြီး ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

ယင်းနောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူရ နှင့် ဌာနဆိုင်ရာတာဝန် ရှိသူများ၊ မြို့နယ်အတွင်းရှိ  ပရဟိတလူမှုရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး မှ မြို့နယ်အခြေအနေနှင့် စပ်လျဥ်း၍ ရှင်းလင်းတင်ပြခဲ့ရာ ဝန်ကြီးချုပ်မှ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုနှုန်းလျော့ကျအောင် စနစ်တကျ ဆောင်ရွက်ကြရန် ၊ဧရာဝတီမြစ်ရေမြင့် တတ်နေသည့်အတွက် သဘာဝဘေးအန္တ ရာယ်ဆိုင်ရာကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့်ကယ်ဆယ်ရေး စခန်းများစနစ်တကျ ကြိုတင်ဆောင်ရွက်ထားရှိရန် မြို့ရွာဖွံ့ဖြိုး တိုးတတ်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် တို့အား လမ်းညွှန်မှာ ကြားခဲ့ပြီး ပရဟိတ အသင်းအဖွဲ့များအားPPE ဝတ်စုံ (၂၀၀)စုံ အားလှူဒါန်းခဲ့ကြောင်းသိရသည်။

ဆက်လက်၍ မြို့နယ်ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး ဆေးရုံဝန်းအတွင်းအောက်ဆီဂျင် စက်ရုံ အဆောက်အဦး ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်ဆရာဝန်ကြီးဒေါက်တာ သန်းထိုက်စိုး မှ အဆောက်အဦးဆောက်လုပ်နေ မှုအခြေအနေများအားရှင်းလင်း တင်ပြခဲ့ပြီး ဝန်ကြီးချုပ်မှမြို့နယ် ပြည်သူ့ဆေးရုံ အစည်းအဝေး ခန်းမ၌ မြို့နယ် ကျန်းမာရေးဦးစီးဌာနအတွက် ၄၀ လီတာ ဆုံ အောက်ဆီ ဂျင်အိုး (၁၅) လုံး၊ Flowmeter(၂၀)ခု ၊ Airset(၁)လုံး၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့် ကျန်းမာရေးဝန်ထမ်းများ အတွက် ထောက်ပံ့ငွေကျပ် (၈)သိန်းတို့အား ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ် ဆရာဝန်ကြီးမှ လက်ခံရယူခဲ့ကြောင်း သိရသည်။

သင်းသင်းအေး

 

No comments:

Post a Comment