Monday, September 6, 2021

မင်းဘူးမြို့ မင်းပူးဦးဩဘာသခန်းမ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(ဒုတိယအကြိမ်) လာရောက်ထိုးနှံသော အဘိုးအဘွားများ၏ ရင်တွင်းစကားသံများ

 



မင်းဘူး   စက်တင်ဘာ  

ဦးခင်မောင်စိုး ( မင်းဘူးမြို့)

မေး။   ဦးလေးမင်္ဂလာပါရှင့်၊ ဦးလေးရဲ့ နာမည်လေးနဲ့ ဘယ်ကနေလာပြီးတော့ ကာကွယ်ဆေး ထိုးတာလဲဆိုတာလေး ပြောပြပေးပါအုံးရှင့်။  

ဖြေ။    ဦးကနာမည် ဦးခင်မောင်စိုးပါ၊ မင်းဘူးကပါဘဲ။       

မေး။   ဟုတ်ကဲ့ပါရှင့်၊ ပထမအကြိမ် ကာကွယ်ဆေးထိုးပြီးတဲ့ နောက်ပိုင်းမှာပေါ့နော် ဦးလေးအနေနဲ့ ဘယ်လိုခံစားရသေးလဲရှင့်၊     ဖျားတာတို့၊ နာကျင်တာတို့။  

ဖြေ။    ဘာမှတော့မရှိပါဘူး၊ အကိုက်အခဲလည်းမရှိဘူး၊ ဘာမှမရှိပါဘူး၊ အေးအေးဆေးဆေးပါပဲ၊ အရင်အတိုင်းပါဘဲ။

မေး။   ဟုတ်ကဲ့ပါရှင့်၊ အဲဒါဆိုရင် ဒီကာကွယ်ဆေးအပေါ်မှာရော ဦးလေး ဘယ်လောက် ယုံကြည်မှု ရှိလဲရှင့်။      

ဖြေ။    ဦးအနေနဲ့ ဒီဆေးထိုးတယ်ဆိုကတည်းက ကာကွယ်ဆေးကို ယုံကြည်လို့ထိုးတာ၊ နော် နိုင်ငံတော်အစိုးရကလည်း ကျွန်တော်တို့ကို ဒီဟာကို ဟိုကောင်းစေချင်လို့ လုပ်ပေးတာ၊ အဲဒီအတွက် ကျွန်တော်တို့က ယုံယုံကြည်ကြည်နဲ့ထိုးပါတယ်၊ ယုံကြည်မှုရှိပါတယ်၊ အပြည့်အဝရှိတယ်။            

မေး။   ဟုတ်ကဲ့ရှင့်၊ ဟုတ်ကဲ့ရှင့်၊ ကာကွယ်ဆေး(၂) ကြိမ် ထိုးခွင့်ရတဲ့အတွက် ဦးလေးရဲ့ပေါ့နော် ရင်တွင်းပီတိ စကားသံလေးလည်း ကြားပါရစေရှင့်။         

ဖြေ။    အဲခုနက ပြောသလိုဘဲ ဒီဆေးရဲ့အစွမ်း အာနိသင်ပေါ်မူတည်ပြီးတော့ ဦးတို့ရဲ့ အသက်ကို ဟို အခြားပိုးမွှားတွေ အန္တရာယ် မပေးနိုင်လောက်ဘူးလို့တော့ယူဆတယ်၊ အဲဒီအတွက်လည်း ထိုးထားတဲ့အတွက် ဦးဒီဆေးကို ယုံကြည်ပါ          တယ်၊ ယုံကြည်လို့ဆိုပြီးတော့လည်း ဦးက လျှောက်မလုပ်ပါဘူး၊ နဂိုအတိုင်းဘဲ Mask တပ်မယ်၊ Cover တပ်မယ်၊ ဒီဆေးကိုယုံကြည်ပါတယ်၊ နော် အဲဒါကြောင့်လည်း ထိုးခြင်းဖြစ်ပါတယ်။

မေး။   ဟုတ်ကဲ့ပါရှင့်၊ ဦးလေးအနေနဲ့ပေါ့နော် နိုင်ငံတော်အပေါ်မှာရော ဘာများပြောချင် ပါသေးလဲရှင့်။   

ဖြေ။    ကျွန်တော် နိုင်ငံတော်အပေါ်မှာ ဘာမှမပြောပါဘူး၊ ကျေးဇူးတင်ပါတယ်၊ အခုလို လုပ်ပေးတဲ့ အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။ 

ဟုတ်ကဲ့ပါရှင့်၊ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။     

ဟုတ်ကဲ့ ကျေးဇူးပါ ကျွန်တော်ကလည်း။

ဒေါ်အေးအေးခိုင် (အမှတ် ၁ ရပ်ကွက်) မင်းဘူးမြို့            

မေး။   အန်တီမင်္ဂလာပါရှင့်၊ ဟိုအန်တီရဲ့လေ နာမည်လေးနဲ့ပေါ့နော် ဘယ်နေရာကနေ  ကာကွယ်ဆေး လာပြီးတော့ ထိုးတာလဲ      ဆိုတာလေးကို ပြောပြပေးပါအုံးရှင့်။ 

ဖြေ။    ဟုတ်ကဲ့ရှင့်၊ ကျွန်မက မင်းဘူးမြို့ အမှတ်(၁) ရပ်ကွက်ကပါ၊ ဒေါ်အေးအေးခိုင်ပါရှင့်။        

မေး။   ဟုတ်ကဲ့ပါရှင့်၊ အန်တီ ပထမအကြိမ် ကာကွယ်ဆေးထိုးပြီးတုန်းကပေါ့နော် ဟို ထိုးပြီးတဲ့နောက်ပိုင်းမှာ အန်တီအနေနဲ့ ဘယ်လိုခံစားရပါသေးလဲရှင့်၊ ဖျားတာမျိုးတို့၊ နာကျင်တာမျိုးတို့ ဖြစ်ပါသေးလားရှင့်။        

ဖြေ။    အော် ဟုတ်ကဲ့၊ ကျွန်မကတော့ နာလည်းမနာဘူး၊ ဖျားလည်းမဖျားပါဘူးရှင့်၊ နဲနဲတောင်ပေါ့သွားသလိုဘဲ၊ နေရထိုင်ရတာ လေ၊ အဲလိုမျိုးလေး ကိုယ်နေရထိုင်ရတာ နဲနဲပေါ့ပါတယ်။   

မေး။   ဟုတ်ကဲ့ပါရှင့်၊ ကာကွယ်ဆေးအပေါ်မှာရော အန်တီအနေနဲ့ ဘယ်လောက်ယုံကြည်မှု ရှိပါသလဲရှင့်။        

ဖြေ။    ကာကွယ်ဆေးအပေါ်မှာ ဘယ်လိုယုံကြည်ချက်ရှိတုန်းဆိုတော့ ကျွန်မတို့က ဒီဆေးထိုးလိုက်လို့ရှိရင်ပေါ့လေ၊ ကိုယ်လော     လောဆယ်ဖျားတာ၊ နာတာအစ အပြင်တွေဘာတွေ သွားတာအစ ဒီတစ်ကြိမ်ထိုးထား နဲနဲတော့ ကိုယ့်ကိုယ်ကိုတော့    ခံယူချက်ရှိတာပေါ့၊ ဟယ် ငါတော့ ဆေးထိုးထားတယ်ပေါ့၊ တစ်ကြိမ်ထိုးပြီးသားပေါ့၊ နောက်တစ်ကြိမ်ထိုးရင်တော့ ဒီထက်ပိုပြီး ဟို စိတ်ချရတယ်ပေါ့၊ အဲလိုမျိုးလေးတော့ရှိတာပေါ့၊ ကျွန်မတို့စိတ်ထဲမှာ ကတော့လေ ခံစားရတာပေါ့။

မေး။   ဟုတ်ကဲ့ပါရှင့်၊ ဟုတ် ၊ ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးသွားတဲ့အတွက် အန်တီရဲ့ ရင်တွင်းပီတိစကားသံလေးလည်း ကြားချင်ပါတယ်ရှင့်။               

ဖြေ။    အော် နှစ်ကြိမ်ထိုးပြီးပြီဆိုရင်တော့ ဟိုပေါ့ တီဗွီ ထဲတွေမှာလာသလို ၉၀ ရာခိုင်နှုန်းကျော် စိတ်ချရတယ် ပုံစံမျိုးပေါ့၊ နော်အဲလိုမျိုးလေးဆိုတော့ ကျွန်မတို့ကလည်း ဝန်ထမ်းတွေဆိုတော့ ဒီဆေးထိုးထားတဲ့အတွက်ကြောင့် ကိုယ့်ဆီကနေ လည်း ကလေးတွေဆီကို မကူးတော့ဘူးပေါ့၊ တကယ်လို့ ကလေးတွေဆီမှာ ရှိတယ်ဆိုရင်လည်း ကျွန်မတို့ဆီကို ရှိရင်တောင်မှ နဲနဲပါးပါးကူး ဒဏ်ခံနိုင်တယ်ဆိုတဲ့ယုံကြည်ချက်တော့ရှိတာပေါ့၊ ကျွန်မကတော့ အဲလိုလေးပဲတွေးပါတယ်ရှင့်။

မေး။   ဟုတ်ကဲ့ပါရှင့်၊ နိုင်ငံတော်အပေါ်မှာရော အန်တီဘာများ ပြောချင်ပါသေးလဲရှင့်။     

ဖြေ။    အော် နိုင်ငံတော်အပေါ် ဘာပြောချင်တုန်းဆိုတော့ ခုလိုမျိုးလောလောဆယ်တော့ ဝန်ထမ်းတွေကိုပဲ ခု ဝန်ထမ်းတွေနဲ့ တချို့တွေလည်းထိုးကြတယ်ပေါ့နော်၊ ဟိုအသက်(၆၀) ကျော်အရွယ် လေးတွေလည်း ထိုးပေးတယ်ဆိုတော့ ဟိုပိုပြီး တော့ စိတ်ချရတယ်ပေါ့၊ ကိုယ့်မိဘတွေ ဘာတွေဆိုရင်လည်း အော် ဆေးထိုးထားတယ် ဆိုရင်တော့ နဲနဲလေး စိတ်ထဲမှာတော့ သိပ်စိုးရိမ်စိတ်မရှိဘူးပေါ့၊ ဆေးမထိုးရသေးဘူးဆိုရင်တော့ နဲနဲတော့ စိုးရိမ်တာပေါ့၊ ဟိုမသွားနဲ့၊ ဒီမသွားနဲ့ပေါ့       လိုက်ပိတ်ပင်နေရတာပေါ့၊ နော့လူကြီးတွေဆိုတော့လေ၊ အဲလိုလေးတွေတော့ ရှိတာပေါ့။                

မေး။   ကာကွယ်ဆေးလာမထိုးတဲ့သူတွေကိုရော အန်တီဘာများ ပြောချင်သေးလဲရှင့်။     

ဖြေ။    ကာကွယ်ဆေးလာမထိုးတဲ့သူတွေဆိုတာလည်း တချို့ကလည်း ယုံကြည်ချက်မရှိတာတို့ ကောလဟာလတွေတော့ ရှိတာ       ပေါ့နော့၊ ဒါပေမယ့်လည်း တတ်နိုင်သမျှကတော့ များသော အားဖြင့် ထိုးကြပါတယ်။        

ဟုတ်ကဲ့ပါရှင့်၊ ကျေးဇူးတင်ပါတယ်ရှင့်။       

တွေ့ဆုံမေးမြန်းသူ -   သူဇာစိုး                                                                           

သတင်းနှင့်ဓါတ်ပုံ   -   ဇေယျာထက် (မင်းဘူး)

No comments:

Post a Comment