Monday, September 6, 2021

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ အိမ်ထောင်စု (၈၂၅၈)စု အတွက် ဆန်များထောက်ပံ့ပေးအပ်


 ပုသိမ်ကြီး စက်တင်ဘာ ၆

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာလအတွင်း အစားအသောက် အခက်အခဲမဖြစ်စေရန် ဆန်များ ထောက်ပံ့ခြင်းကို ယနေ့ နံနက် ၈နာရီက ရန်ကင်းတောင်ခြေရှိ သီရိမင်္ဂလာသရက်တောကျောင်းတိုက်၌  ကျင်းပသည်။

လှူဒါန်းရာတွင် ပုသိမ်ကြီးမြို့နယ်အတွင်းရှိ အိမ်ထောင်စု (၈၂၅၈)စု၊ လူဦးရေ(၃၃၇၉၆)ဦး အတွက် တစ်ဦးလျှင် ဆန်(၆)ပြည်နှုန်းဖြင့် ကိုဗစ်-၁၉ကာလအတွင်း လှူဒါန်းပေးအပ်ခြင်းကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ်စိန်လွင် နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဦး နှင့် အဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ ပြည်သူများအား အသီးသီး ထောက်ပံ့ပေးအပ်ကြသည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်း က ထောက်ပံ့ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ရာ မန္တလေးခရိုင်အတွင်း အိမ်ထောင်စု (၄၈၀၀၀)ကျော်အတွက် တစ်အိမ်ထောင်လျှင် ဆန်(၆)ပြည်နှုန်းဖြင့် စုစုပေါင်း ငွေကျပ် သိန်း(၂၂၅၀)ကျော်အား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဘက်ဂျက်ဖြင့် အကုန်ကျခံကာ ထောက်ပံ့ပေးခြင်းဖြစ်ပြီး ကိုဗစ်-၁၉ရောဂါကာလအတွင်း ပြည်သူများ လုပ်ငန်းများ ရပ်တန့်နေပြီး၊ ပုံမှန်လည်ပတ်မှု မရှိတဲ့အတွက်ကြောင့် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်းနှင့် ရပ်/ရွာအေးချမ်း သာယာရေး အကြောင်း၊ ကိုဗစ်-၁၉ရောဂါအကြောင်း စသည်တို့အား ပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်

No comments:

Post a Comment