လွိုင်ကော် စက်တင်ဘာလ ၆
ကယားပြည်နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များ ၊ ဘုန်းတော်ကြီးကျောင်းများ နှင့် သီလရှင် ကျောင်းစုစုပေါင်း (၂၀၅)ကျောင်းရှိဆရာတော် ၊သံဃာတော်များနှင့်သီလရှင်များအား ကယားပြည်နယ် အစိုးရအဖွဲ့မှ ဆန် ၊ ဆီ ၊ ဆား ၊ ပဲ နှင့် ဆွမ်းဟင်းလျာများ အတွက် အလှူတော်ငွေများ ပေးအပ်လှူဒါန်း ခြင်းကို ယနေ့ နံနက် ၉ နာရီ အချိန်က ၊ ကယားပြည်နယ်အစိုးရအဖွဲ့ အစည်းဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦးက
ယနေ့အချိန် ကာလသည် ကိုဗစ်-၁၉ ကာလအတွင်း ဘုန်းတော်ကြီးကျောင်း ၊ သီလရှင်ကျောင်းများ
တွင်ဆွမ်းနှင့် ဆွမ်းဟင်းလျာများ အခက်အခဲရှိနိုင်သဖြင့်
ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ယခုလိုလှူဒါန်းရခြင်း ဖြစ်ကြောင်း ၊ ဆက်လက်ပြီးလည် လစဉ်
လှူဒါန်းနိုင်အောင် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ၊ ကိုဗစ် -၁၉ ကာလဖြစ်သည့်အတွက် ရဟန်းများအနေဖြင့်
ဆွမ်းခံကြွဖို့ အခက်အခဲဖြစ်နေချိန်ဖြစ်သည့်အတွက် ထိုအခက်အခဲများကို ဖြေရှင်းနိုင်အောင်
ဆောင်ရွက် လှူဒါန်းပေးရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားတွင် ပြောကြားခဲ့သည် ။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်မှ ကယားပြည်နယ်အတွင်းရှိ
ဘုန်တော်ကြီးကျောင်းများ နှင့် သီလရှင် ကျောင်း စုစုပေါင်း (၂၀၅) ကျောင်းအတွက် ဆန်၊
ဆီ၊ ဆား ၊ပဲ နှင့် ဆွမ်းဟင်းလျာအတွက် အလှူတော်ငွေ ကျပ်(၃၀၅၄၀၀၀၀) ကို ပေးအပ်ရာ ဆရာတော်များနှင့်
သီလရှင်များကိုယ်စား ပြည်နယ်သာသနာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းထွေးနှင့်
ခရိုင်သာသနာရေးမှူး ဦးဇေယျာကျော် တို့က လက်ခံရယူခဲ့သည်။
ထို့နောက် ပြည်နယ်သာသနာရေးမှူးရုံးမှ
လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဇော် က ဆရာတော်များ ကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း
သိရှိရသည်။
ဝါတွင်းကာလအတွင်း ကာလဒါနဖြစ်စေရန်နှင့်
ကိုဗစ်-၁၉ တတိယလှိုင်းကာလတွင် ကယားပြည်နယ် အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ နှင့်
သီလရှင်ကျောင်း (၂၀၅) ကျောင်းရှိ သံဃာတော်များနှင့် သီလရှင်များအတွက် လိုအပ်သော ဆွမ်းနှင့်
ဆွမ်းဟင်းလျာများကို ကယားပြည်နယ် အစိုးရအဖွဲ့ အနေဖြင့် ကယားပြည်နယ်အတွင်း ဘုန်းတော်ကြီးကျောင်း
များအတွက် လှူဒါန်းခြင်းမှာ ဒုတိယ အကြိမ်မြောက်နှင့် လွိုင်ကော်မြို့နယ်အတွင်း ဘုန်းတော်ကြီးကျောင်း
များအတွက် လှူဒါန်းမှုမှာ တတိယ အကြိမ်မြောက်ဖြစ်ပြီး ဆက်လက်၍ လည်း ပြည်နယ်အစိုးရအနေဖြင့်
ပရိယတ္တိစာသင်တိုက်များ ၊ ဘုန်းတော်ကြီးကျောင်းများ နှင့် သီလရှင်ကျောင်းများအတွက်
ဆက်လက် လှူဒါန်းသွားမှာ ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး
နှင့် ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး နှင့် ခရိုင်၊
မြို့နယ် အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
လွိုင်ကော် ခရိုင် (ပြန်/ဆက်)

No comments:
Post a Comment