ရွှေတောင် စက်တင်ဘာ ၆
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ် ကြို့ကုန်းအုပ်စု သပြေလှကျေးရွာတွင် ယမန့်နေ့ ည ၇ နာရီ အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရာနေရာသို့ ရွှေတောင်မြို့နယ်မီးသတ်စခန်းမှ
မြို့နယ်မီးသတ်ဦးစီးမှူး ဦးသက်ပိုင်ထွန်း ဦးဆောင်၍မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၇)ဦး၊
အရန်မီးသတ် တပ်ဖွဲ့ဝင်(၅)ဦးတို့ဖြင့် အချိန်မီသွားရောက်ငြှိမ်းသတ်ခဲ့ရာ မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း၊
အဆိုပါ မီးလောင်မှုဖြစ်စဉ်မှာ နေအိမ်ပိုင်ရှင် ခိုင်စိုးမင်းမှာအရက်အလွန်သောက်သုံး၍
အရက် မူးလွန်ကာ မိမိပိုင်နေအိမ်ကို ကိုယ်တိုင်မီးရှို့ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းနှင့်
မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ရွှေတောင်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူသွားမည် ဖြစ်ကြောင်း
သိရသည်။
မြို့နယ် ပြန်/ဆက်


No comments:
Post a Comment