Monday, September 6, 2021

သဘာဝဘေးအန္တရာယ်(ရေဘေး)ဖြစ်ပေါ်ပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့် တစ်ပြေးညီ ကူညီကယ်ဆယ်နိုင်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်း ဓနုဖြူ၌ ကျင်းပ

 


ဓနုဖြူ စက်တင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် မီးသတ်ဦးစီးဌာနဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်(ရေဘေး)ဖြစ်ပေါ်ပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့် တစ်ပြေးညီ ကူညီကယ်ဆယ်နိုင်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြခြင်းကို ယမန်နေ့၊ နံနက်ပိုင်းက ဓနုဖြူမြို့ ဧရာဝတီမြစ်တွင် ပြုလုပ်ခဲ့သည်။

ဇာတ်တိုက်လေ့ကျင့်သရုပ်ပြပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအေးကိုတင့်က သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်ပါက အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်နိုင်ရေးအတွက် လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက အရေးပေါ် ရှာဖွေရေး အထောက်အကူပြုပစ္စည်းများဖြင့် သဘာဝဘေးအန္တရာယ်များကြုံတွေ့ပါက ရှာဖွေကူညီ ကယ်ဆယ်နိုင်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြခြင်းကို တာဝန်ရှိသူများက ကြည့်ရှုပြီး ရေကြီးရေလျှံဖြစ်ပွားနိုင်သော နေရာများ၊ ရေကင်းစခန်းများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment