Monday, September 27, 2021

ဝိုင်းမော်မြို့၌ တစ်ရက်လျှင် ၄၀ လီတာဆံ့ ဆောက်ဆီဂျင်အိုး အလုံးရေ ၁၂၀ ထုတ်လုပ်နိုင်သည့် အောက်ဆီဂျင်စက်ရုံအား ဖွင့်ပွဲကျင်းပ၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်

 



မြစ်ကြီးနား     စက်တင်ဘာ ၂၇

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း များတွင် လိုအပ်လျက်ရှိသည့် အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေးအတွက် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မတည်ငွေကျပ်သိန်း ၁၀၀ နှင့် အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် ပြည်သူ့ဆေးရုံဝင်းအတွင်း တည်ဆောကပြီးစီးခဲ့သည့် တစ်ရက်လျှင် လီတာ ၄၀ ဆံ့အောက်ဆီဂျင်အလုံးရေ ၁၂၀ ထုတ်လုပ်နိုင်သည့် အောက်ဆီဂျင် စက်ရုံဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က ပြုလုပ်ခဲ့သည်။

အောက်ဆီဂျင်စက်ရုံ ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည် နယ်အတွင်း ကိုဗစ်-၁၉ တတိယလှိုင်း စတင်ဖြစ်ပွားသည့်အချိန်မှ စတင်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း၊ အောက်ဆီဂျင် စက်ရုံ တည်ဆောက် လည်ပတ်နိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည့် ဝိုင်းမော်မြို့ရှိ ဌာန ဆိုင်ရာများ၊ ပရဟိတ လူမှုရေးအသင်း အဖွဲ့များအားလုံးအား မိမိတို့အနေဖြင့် မှတ်တမ်းတင်ဂုဏ်ယူ ပါကြောင်း၊ ဆက်လက်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ် ထိန်းချုပ်ရေးကို အရှိန်အဟုန်မပြတ် ကြိုးပမ်းဆောင်ရွက်ကြရန် လိုကြောင်း တိုက်တွန်း မှာကြားသည်။

ထို့နောက် အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးကြည်ထွန်းက အောက်ဆီ ဂျင်စက်ရုံဖြစ်မြောက်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကော်မတီဖွဲ့စည်း၍ တရုတ် နိုင်ငံမှ အောက်စီဂျင်စက်မှာယူပြီး အောက်ဆီဂျင်စက်ရုံ အဆောက်အဦနှင့် စက်လည်ပတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး  မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇော်မင်းနှင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသိန်းမြို့တို့က အောက်ဆီဂျင် စက်ရုံဖြစ်မြောက်ရေးအတွက် ငွေကျပ်သိန်း ၁၀၀ မတည်လှူဒါန်းခဲ့သည့် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေးကော်တီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်ထံ ဂုဏ်ပြုမှတ်တမ်းလွှာကို ပေးအပ်ကြသည်။

ယင်းနောက် အောက်ဆီဂျင်စက်ရုံကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး၊ ပြည်နယ်လူမှုရေးဝန်ကြီးနှင့် ကော်မတီဥက္ကဋ္ဌ ဦးကြည်ထွန်းတို့က ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အောက်ဆီဂျင်စက်ရုံ (ဝိုင်းမော်မြို့) ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကာ စက်ရုံအတွင်း အောက်ဆီဂျင်စက်လည်ပတ်ထုတ် လုပ်မှုကို လှည့်လည ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက စက်ရုံဖွင့်ပွဲအခမ်းအနားတွင် ပါဝင် ကူညီခဲ့ကြသည့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များအတွက် ထောက်ပံ့ငွေများကို ပေးအပ် ချီးမြှင့်ခဲ့ကြသည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဦးဆောင်၍ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ စုပေါင်း၍ ယမန်နေ့ ညနေပိုင်းတွင် မြစ်ကြီးနားမြို့ ညနေဈေးအတွင်း ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ Fistness Dane အဖွဲ့၏ ကိုဗစ်-၁၉ ကာလအတွင်း လူတိုင်းပါဝင်နိုင်သော  ကိုယ်လက်လှုပ်ရှားအားကစားလှုံ့ဆော်ရေး အစီအစဉ်များဖြင့် ဈေးရောင်း/ ဈေးဝယ်များ၊ လမ်းသွား/လမ်းလာ ပြည်သူများအား နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးခဲ့ကြပြီး ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ အသိပညာပေးဆောင်ရွက်ခဲ့ကြကာ အကအဖွဲ့အား ချီးမြှင့်ငွေ များ ထောက်ပံ့ပေးအပ်ခဲ့သည်။

ပြည်နယ်ပြန်ဆက်    

No comments:

Post a Comment