Monday, September 27, 2021

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဝါစိုက်ပျိုးရေး၊ လက်ယက္ကန်း၊ စက်ယက္ကန်းဒေသတွင်း (SME)လုပ်ငန်းဆောင်ရွက်မှု လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

 


မကွေး     စက်တင်ဘာ     ၂၇

မကွေးတိုင်းဒေသကြီးအတွင်း ဝါစိုက်ပျိုးရေး၊ လက်ယက္ကန်း၊ စက်ယက္ကန်းဒေသတွင်း (SME) လုပ်ငန်းဆောင်ရွက်မှု လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေး ခန်းမ၌ ယမန်နေ့နံနက် နာရီခွဲအချိန်က ပြုလုပ်ဆောင်ရွက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက် လမ်းညွှန်အမှာစကား ပြောကြားသည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် က တိုင်းဒေသကြီးအတွင်းရှိ ကျေးလက်နေပြည်သူများ ဆင်းရဲနွမ်းပါးမှုလျော့ချရေး ဦးတည်ချက်ဖြင့် တိုင်းအစိုးရ တာဝန်ရှိသူ များအနေနဲ့ ဝိုင်းဝန်းကြိုးစား လုပ်ဆောင်သွားရမှာဖြစ်ကြောင်း၊ ဒီကနေ့ နိုင်ငံတော်မှာ တစ်နိုင်ငံလုံးမှာ ရှိနေတဲ့ ၇၀ ရာခိုင်နှုန်းသော ပြည်သူတွေဟာ ကျေးလက်ဒေသမှာ နေထိုင်ကြကြောင်း၊ ကျေးလက်ဒေသနေပြည်သူများ ဆင်းရဲနွမ်းပါးမှုလျှော့နည်း ကျဆင်းအောင်လို့ ဆောင်ရွက်တဲ့အခါမှာ လယ်ယာကဏ္ဍ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် လိုအပ်တဲ့ လိုအပ်ချက်တွေအားလုံးကို အချိန်နဲ့တစ်ပြေးညီ အဆင်ပြေအောင် စီမံ ကြိုးစား ကူညီပြီးတော့ ပံ့ပိုးပေးနေရမှာ အများအပြားရှိကြောင်း၊ တိုင်းဒေသကြီးအတွင်း လက်ရှိဆောင်ရွက်နေတဲ့ ဝါစိုက်ပျိုးရေး၊ လက်ယက္ကန်း၊ စက်ယက္ကန်း ဒေသတွင်း (SME)လုပ်ငန်းများ လုပ်ဆောင်ရာမှာလည်း သက်ဆိုင်ရာ တာဝန်ရှိသူများအနေနဲ့ ကိုယ်နဲ့ မဆိုင်သလို မနေကြဘဲ တာဝန်ရှိတဲ့ အပိုင်းကနေ  တာဝန်ကျေအောင် လုပ်ဆောင်ကြရမှာ ဖြစ်ကြောင်း စသည်ဖြင့် မှာကြားသည်။

ဆက်လက်၍ ဌာနဆိုင်ရာ တိုင်းဒေသကြီးဦးစီးမှူးများ က သက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြ ဆွေးနွေးခဲ့ကြပြီး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း က လိုအပ်သည်များ အကြံပြုဆွေးနွေးကာ၊ ခရိုင်အုပ်ချုပ်ရေးမှူးများ က မိမိခရိုင်အတွင်း ဝါစိုက်ပျိုးရေး၊ လက်ယက္ကန်း၊ စက်ယက္ကန်းဒေသတွင်း (SME) လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြသည်။

ယင်းနောက် တာဝန်ရှိသူများ၏ ဆွေးနွေးတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ် က လိုအပ်သည်များ မှာကြားဆောင်ရွက်ပေးပြီး၊ ဝါစိုက်ပျိုးရေး၊ လက်ယက္ကန်း၊ စက်ယက္ကန်းဒေသတွင်း (SME) လုပ်ငန်းများအား ခုလို ဌာနဆိုင်ရာများအနေဖြင့် ဝိုင်းဝန်းဆောင်ရွက်ပေးလို့ အောင်မြင်မှုများ ရရှိတဲ့အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း၊ ဆက်လက်ပြီးလည်း မိမိတာဝန်ယူရတဲ့တိုင်း၊ မိမိတာ ဝန်ယူရတဲ့ဒေသ ပိုမိုပြီးတော့ တိုးတက်အောင်မြင်ဖို့အတွက်ကို ကြိုးစားပြီး ဆောင်ရွက်ပေးစေလို ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

မောင်ညီညာ(မကွေး)


 

No comments:

Post a Comment