လားရှိုး စက်တင်ဘာ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ခရိုင်နှင့် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် စုရပ်(၄)နေရာဖြစ်သော လားရှိုးမြို့ ကုတင်(၅၀၀)ပြည်သူ့ဆေးရုံကြီး၊ အ-ထ-က-(၄)၊အ-ထ-က(၃)နှင့်အမှတ်(၁၂)ရပ်ကွက်၊ ရွှေကြယ်ခန်းမတို့တွင် ပရဟိတအသင်းအဖွဲ့ဝင်များ၊ ပုဂ္ဂလိက ဘဏ်များမှ ဝန်ထမ်းများ၊ ဈေးရောင်းချသူများ၊ ဟော်တယ်နှင့်မော် တယ်ဝန်ထမ်းများ၊ ပုဂ္ဂလိက ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်နေသူများအားဦးစားပေး အဆင့်အလိုက် ဆေးထိုးနှံပေးခြင်းကို ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာဝန်ထမ်းများ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးနေမှုများနှင့်ပတ်သက်၍
လားရှိုးမြို့တွင် နေထိုင်သူများ၏ ရင်တွင်း စကားသံကိုလည်း ယခုကဲ့သို့သိရှိရသည်။
(အမှတ်-၅ ရပ်ကွက်)
ဧရာဝတီဘဏ်ဝန်ထမ်း
“ကျွန်မအမည်ကတော့ မအိချိုမောင်ဖြစ်ပါတယ်။ လားရှိုးမြို့၊ အမှတ်(၅)ရပ်ကွက်မှာနေပါတယ်။ ကျွန်မကတော့ ဧရာဝတီဘဏ်ဝန်ထမ်းဖြစ်ပါတယ်။ ကာကွယ်ဆေးကို ပထမအကြိမ် ဆေးထိုးတာပါ။ ကျွန်မတို့လို ဘဏ်ဝန်များအနေနဲ့ မဖြစ်မနေကာကွယ်ဆေးထိုးသင့်ပါတယ်။ လူအများနဲ့ ဆက်ဆံနေရတော့ ကူးစက်နိုင်ပါတယ်။ အခုကျွန်မဆေး ပထမအကြိမ်ဆေးထိုးတာ ဘာအန္တရာယ်မှ မရှိပါဘူး။ ကျန်းမာရေးလည်းကောင်းပါ တယ်။ ကျန်တဲ့ပြည်သူများ အနေနဲ့လည်း ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ထိုးနှံသွားကြဖို့ တိုက်တွန်းလိုပါ တယ်။ ဒါ့အပြင် ကာကွယ်ဆေးထိုးနှံနိုင်ဖို့ ဆောင်ရွက်ပေးနိုင်ငံတော်နဲ့ တာဝန်ရှိသူများကိုလည်း ကျေးဇူးတင်ရှိပါတယ်လို့ ပြောကြားလိုပါတယ်ရှင့်။ ”
ဦးဝင်းအောင်ကျော်(အမှတ်-၁ ရပ်ကွက်)
ယာဉ်မောင်း
“ကျွန်တော်ကတော့ ဦးဝင်းအောင်ကျော်ဖြစ်ပါတယ်။
လားရှိုးမြို့၊ အမှတ်(၁) ရပ်ကွက်မှာ နေပါတယ်။ ကျွန်တော်ကတော့ ရွှေခြင်္သေ့မော်တော်ယာဉ်လိုင်းက
ယာဉ်မောင်းတစ်ဦး ဖြစ်ပါတယ်။ ကျွန်တော်က ကိုဗစ်-၁၉ကာကွယ်ဆေးကို ပထမအကြိမ်ထိုးနှံခြင်းဖြစ်ပါတယ်။
ကျွန်တော်တို့လို ယာဉ်မောင်းတွေအတွက် ဆေးထိုးဖို့ အရမ်းလိုအပ်ပါသည်။ ကျွန်တော်တို့
ယာဉ်မောင်းများက လူအများနဲ့ဆက်ဆံထိတွေ့မှုများပါတယ်။ ကျွန်တော်တို့ဆီကနေ ပြည်သူများကို
ကူးစက်နိုင်သလို ပြည်သူများထံမှလည်း ကျွန်တော်တို့ကို ပြန်လည်ကူးစက် နိုင်ပါတယ်။ ဒါကြောင့်
ပြည်သူအားလုံးက ကိုဗစ်-၁၉ ကာကွယ်ဆေးများကို
ဝိုင်းဝန်း ပူးပေါင်းထိုးနှံကြဖို့ နှိုးဆော်ခြင်းပါတယ်ဗျ၊ ကာကွယ်ဆေးများကို
ဦးစားပေးအဆင့်အတန်း အလိုက် ထိုးနှံပေးတဲ့ နိုင်ငံတော်အစိုးရ ကိုလည်း ကျေးဇူးတင်ကြောင်း
ပြောကြား လိုပါတယ်ခင်ဗျာ။”
တွေ့ဆုံမေးမြန်းသူ-အိအိသိမ့်
ရိုက်ကူးတည်းဖြတ်သူ- ဥမ္မာချို


No comments:
Post a Comment