ပူတာအို စက်တင်ဘာ ၂၃
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ ပမ္မတီးကျေးရွာအုပ်စု၊ ရေနီတိုကျေးရွာအ၀င် ရေနီတို ချောင်းတွင် ဒေသခံပြည်သူများသွားလာရာတွင် အဆင်ပြေချောမွေ့စေရန်နှင့် ကုန်စည်စီးဆင်း မှုမြန်ဆန်လာစေရန် အတွက် ဆောက်လုပ်ရေး၀န်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ၏၂၀၂၀-၂၀၂၁ ပြည်နယ် ဘဏ္ဍာခွင့်ပြုရန်ပုံငွေဖြင့် သံကူကွန်ကရစ်တံတား အကောင်အထည် ဖော်တည်ဆောက်လျက် ရှိရာယခု အခါလုပ်ငန်းရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ယင်းရေနီတိုချောင်းကူးတံတားကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ပြည်နယ် ဘဏ္ဍာခွင့်ပြုရန်ပုံငွေကျပ်သန်းပေါင်း(၁၄၇ ဒသမ ၇၄၂)သန်းဖြင့် တင်ဒါအောင်မြင်ခဲ့သည့် မလိခညီ အစ်ကိုများ ဆောက်လုပ်ရေးကုမ္ဗဏီက တံတားအရှည်ပေ(၄၀)၊ အကျယ်ပေ (၂၀)နှင့် ချဉ်းကပ်လမ်း အပါ သံကူကွန်ကရစ်တံတားအမျိုးအစားကို ဇန်နဝါရီ(၁၅)ရက်မှ စတင်၍ ဆောက်လုပ်ခဲ့ရာ စက်တင်ဘာ(၁၆)ရက်နေ့တွင် လုပ်ငန်းရာနှုန်းပြည့်ပြီး စီးနေပြီဖြစ်ကြောင်း သိရသည်။
ယခင်က ရေနီတိုချောင်းကူးတံတားသည် ပျဉ်တံတားဖြစ်ခြင်းကြောင့် သုံးဘီးဆိုင်ကယ်နှင့် လူများသာ ဖြတ်သန်းသွားလာနိုင်ခဲ့ပြီး ကုန်တင်ယာဉ်ကြီးယာဉ်ငယ်များသည် ချောင်းကိုဖြတ်၍ တံတားရှောင် ကွင်းလမ်းဖြင့်သွားလာရပြီး မိုးတွင်းကာလတွင် ကုန်တင်ယာဉ်ကြီးယာဉ်ငယ်များ သွားလာရာတွင် များစွာအခက်အခဲများဖြစ်ပေါ်ခဲ့ရာ ယခုအခါ သံကူကွန်ကရစ်တံတား ဆောက်လုပ်ပြီးစီးခြင်းကြောင့် ကုန်တင်ယာဉ်ကြီးယာဉ်ငယ်များနှင့် သုံးဘီးဆိုင်ကယ်များသွားလာရေးတွင် ယခင်ကထက်အဆင်ပြေ ချောမွေ့နေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ တံတားဆောက်လုပ်ပြီးစီးခြင်းကြောင့် ပမ္မတီးကျေးရွာအုပ်စုအတွင်းရှိပြည်သူများအတွက် ပညာရေး၊ ကျန်းမာရေး၊ စီပွားရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍတို့အတွက် များစွာအထောက်အကူပြုမည့်အပြင် ပူတာအိုလွင်ပြင်ပတ် လမ်းပေါ်ရှိ အရေးပါသော တံတားတစ်စင်းဖြစ်ခြင်းကြောင့် ခရီးသွားပြည်သူများခရီးသွားလာရာတွင် အဆင်ပြေချောမွေ့လာ မည်ဖြစ်ပြီး ဒေသ၏ထွက်ကုန်များ မြို့ပေါ်သို့တင်ပို့ရာတွင် လည်း အချိန်နှင့်တပြေးညီပို့ ဆောင်နိုင် တော့မည်ဖြစ်ကြောင်း ပူတာအိုခရိုင်ကျေးလက် လမ်းဖွံ့ ဖြိုးရေးဦးစီးဌာနရုံးမှ သိရသည်။
ဖုန်ကန်


No comments:
Post a Comment