ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် နေထိုင်သည့် ကျေးလက်နေပြည်သူများ၊ လူနေမှုဘဝ တိုးတက်မြင့်မားစေရန် ရည်ရွယ်ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော ဆိုလာနှင့် ဆက်စပ်ပစ္စည်း (၁၂၅) စုံကို ယနေ့နံနက်ပိုင်းတွင် ပိုင်ကျုံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ပေးအပ်လျက်ရှိကြောင်း သိရသည်။
ဆိုလာနှင့် ဆက်စပ်ပစ္စည်းများကို ပိုင်ကျုံမြို့၊ ကျေးရွာများအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ ကျေးလက် ကျန်းမာရေးဌာနများနှင့် စာသင်ကျောင်းအတွက် ပေးအပ်ခြင်းဖြစ်ကြောင်း၊ ဆိုလာနှင့် ဆက်စပ် ပစ္စည်းများ ပေးအပ်ခြင်းလုပ်ငန်းတွင် မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင်နှင့် တာဝန်ရှိ သူတို့က သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူးများကို ပေးအပ်ကြောင်း သိရသည်။
အဆိုပါ ဆိုလာနှင့်ဆက်စပ်ပစ္စည်းများ၏ အသုံးပြုပုံအဆင့်ဆင့်နှင့် သုံးစွဲပုံသုံးစွဲနည်များကို နယ်စပ် ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောသန်းချစ်က ရှင်းလင်းပြောကြားကြောင်း သိရှိရသည်။


No comments:
Post a Comment