ထားဝယ် စက်တင်ဘာ ၂၃
တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ်(၄/၂၀၂၁)ကိုယနေ့နံနက် ၁၀ နာရီ က ထားဝယ်မြို့၊တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ကျင်းပသည်။
အစည်းအဝေးတွင်တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှပ်နှံမှုကော်မတီဥက္ကဌ ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို က ရင်းနှီးမြှပ်နှံမှုကော်မတီ အနေဖြင့်လာရောက်မြှပ်နှံနေသူများကို ယုံယုံကြည်ကြည်ဖြင့်ရင်းနှီးမြှပ်နှံမှုရှိလာ အောင်ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ရင်းနှီးမြှပ်နှံမှုသည် ကောင်းမွန်သောလုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ ရင်းနှီးမြှပ်နှံမှုကော်မရှင်က ခွင့်ပြုလိုက်သောလုပ်ငန်း များသည်တနင်္သာရီတိုင်းဒေသကြီးအတွက်အကျိုးရှိသောလုပ်ငန်းဖြစ်စေလိုကြောင်း။ ရင်းနှီးမြှပ်နှံမှု နှင့် ပတ်သက်ပြီးတိုင်းဒေသကြီးတွင် လူထုစိတ်ဝင်စားလာအောင် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ရင်းနှီးမြှပ်နှံမှု တွင်အကျိုးအမြတ်တစ်ခုတည်းမကြည့်ပဲအလုပ်လုပ်ရန်လိုအပ်ကြောင်းနှင့် အမှန် တကယ်လုပ်ကိုင်မည့်လုပ်ငန်းများကို ဝိုင်းဝန်း ဆွေးနွေးပေးကြရန်လိုအပ်ကြောင်းပြောကြားသည်။
ထိုနောက်တိုင်းဒေသကြီး ရင်းနှီးမြှပ်နှံမှု ကော်မတီအတွင်းရေးမှူးဦးသန်းဇော်ဦးက ရင်းနှီးမြှပ်နှံမှု လုပ်ငန်းများကို စိစစ်ခွင့်ပြုပေးရာတွင်လုပ်ငန်းများပိုမိုမြန်ဆန်သွက်လက်စွာဆောင်ရွက်နိုင်ရေး၊ တိုင်းဒေသကြီး/ပြည်နယ်များ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ရင်းနှီးမြှပ်နှံမှုမြှင့်တင်ရေး ဆိုင်ရာလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်ရေး/ကြီးကြပ်နိုင်ရေး၊ တိုင်းဒေသကြီး/ ပြည်နယ် များ အချိုးမျှတစွာဖွံ့ဖြိုးတိုးတက်မှုဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန် စသည်ရည်ရွယ် ချက်များဖြင့် ကော်မတီဖွဲ့စည်းရခြင်းဖြစ်ကြောင်း နှင့် ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများကို စိစစ်ရာတွင် လိုက်နာကျင့်သုံးရမည့် လုပ်ထုံးလုပ်နည်းများအားရှင်းလင်းတင်ပြသည်၊၊
ဆက်လက်၍Dawei Golden Land Co;Ltd က ထားဝယ်မြို့နယ်၊ သဗျာကျေးရွာအုပ်စုတွင် မှိုင်းခံရာဘာအဆင့် RSS ၁၊၂၊၃ ထုတ်ကုန်များ ပြည်တွင်း၊ ပြည်ပထုတ်လုပ်မှု ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းအပေါ်ရင်းနှီးမြှပ်နှံမှုနှင့်ပတ်သက်၍လည်း ကောင်း၊Dawei Development Public Co; Ltd က လောင်းလုံးမြို့နယ်၊မောင်းမကန်ကျေးရွာအုပ်စု၊ကွင်းအမှတ်-၁၆၉- A တွင် မောင်းမကန် Resort ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းအပေါ်တည်ဆောက်ရေးကာလနှင့်ပတ်သက်၍လည်းကောင်း၊ San Lan Ventures Co;Ltd က လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာ၊ ကြေးတိုင်ပြင်ကွင်း၊ ကွင်းအမှတ် (၁၇/ OSS)ဦးပိုင်အမှတ် (N-၁၇)ရှု့ခင်းကြည့်ခရီးသည် ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းအပေါ် ရင်းနှီးမြှပ်နှံမှုနှင့်ပတ်သက်၍ လည်းကောင်းရှင်းလင်း တင်ပြရာတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ကော်မတီဝင်များက လိုအပ်သည်များဖြည့်စွက်ဆွေးနွေးပြီး တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကို က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။
(တိုင်းဒေသကြီးပြန်/ဆက်)


No comments:
Post a Comment