တံတားဦး ၊ စက်တင်ဘာ - ၂၈
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်လုံးဆိုင်ရာ အောက်ဆီဂျင်စက်ဝယ်ယူနိုင်ရေးအတွက် အလှူရှင်များမှ အောက်ဆီဂျင်စက်ဝယ်ယူနိုင်ရေး ကော်မတီများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့သို့ ယနေ့နံနက်ပိုင်းက လာရောက်လှူဒါန်း ကြကြောင်းသိရသည် ။
မြို့နယ်လုံးဆိုင်ရာ အောက်ဆီဂျင်စက်ဝယ်ယူနိုင်ရေးအတွက်အလှူရှင်များမှာ တံတားဦးမြို့နယ်က ဘိုကျေးရွာအုပ်စုမှ(၃၃၀၀၀၀)ကျပ် ၊ ကူတိုးဆပ်ကျေးရွာအုပ်စုမှ(၈၀၅၀၀၀)ကျပ် ၊ ကန်ချောကျေးရွာ အုပ်စုမှ (၂၈၅၀၀၀)ကျပ် ၊ ကျစွာကျေးရွာအုပ်စုမှ (၂၅၀၀၀၀)ကျပ် ၊ ချောင်းဆုံကျေးရွာအုပ်စုမှ ( ၂၅၀၀၀၀)ကျပ် ၊ ခေါင်းကွဲကျေးရွာအုပ်စုမှ( ၆၆၇၀၀၀ )ကျပ် ၊ ဂွေးဆောင်ကျေးရွာအုပ်စုမှ (၁၀၀၀၀၀)ကျပ် ၊ ပေါက်မြိုင်ကျေးရွာ အုပ်စုမှ (၆၅၂၀၀၀)ကျပ် ၊ ဇီးကန်ကျေးရွာအုပ်စုမှ (၁၀၀၀၀၀)ကျပ် ဥတည်ကျေးရွာအုပ်စုမှ(၂၆၈၀၀၀)ကျပ် ၊ ဇီးချောင်းကျေးရွာအုပ်စုမှ (၃၇၆၀၀၀) ကျပ် ၊ သူငယ်တော်ကျေးရွာအုပ်စုမှ (၁၅၁၀၀၀)ကျပ် ၊ ဟံသာဝတီကျေးရွာ အုပ်စုမှ(၃၀၅၀၀၀) ၊ သပွတ်ပင်ကျေးရွာအုပ်စုမှ(၂၃၃၅၀၀၀)နှင့် လက်ဆောင်ယူကျေးရွာအုပ်စုမှ (၈၀၀၀၀၀)ကျပ်တို့ကို အသီးသီး ပေးအပ်လှူဒါန်းကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် တာဝန်ရှိ သူများက အသီးသီးလက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည် ။
တံတားဦးမြို့နယ်အတွင်းရှိ အလှူရှင်များမှ လှူဒါန်းသည့် အများပြည်သူပိုင် အောက်ဆီဂျင်စက်ကို တံတားဦးမြို့ အမှတ်(၃)ရပ်ကွက် ၊ သုခိတ ကမ္ဘောဇဗိမာန်တွင် တည်ဆောက်မည်ဖြစ်ကြောင်း ၊ ခန့်မှန်းကုန်ကျငွေမှာ ကျပ်သိန်း(၁၂၀၀)ကျော်ကုန်ကြမည်ဖြစ်ကြောင်း စက်အမျိုးအစားမှာ Mobile Oxygen Plant 20N (Contalinerized)ဖြစ်ပြီး တစ်နာရီကို လေးဆယ်လီတာအိုး(၄)လုံး ထုတ်ပေးနိုင်မည် ဖြစ်ကြောင်း တစ်နေ့လျှင် နာရီ(၂၀)လည်ပတ်ပြီး (၄၀)လီတာအိုး အလုံး(၈၀)ထုတ်ပေးနိုင်သည့်အတွက်. ပိုလျှံသည့် အောက်ဆီဂျင်အိုးများကို အခြားမြို့ရွာများသို့ လှူဒါန်း ပေးနိုင်မည်ဖြစ်ကြောင်း အောက်ဆီဂျင်စက်နှင့် စက်ရုံဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ဦးချမ်းသာထံမှသိရသည် ။
.ရဲတင့်(တံတားဦး)


No comments:
Post a Comment