Tuesday, September 28, 2021

သဘာဝရေပြင်အတွင်း ရွှံ့ကဏန်း(Mud Crad)မျိုးစိုက်ထည့်ပွဲကျင်းပ


လပွတ္တာ စက်တင်းဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် ၊ လပွတ္တာမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ကဏန်းသယံ ဇာတများ တိုးပွားလာစေရေးနှင့် ရိက္ခာဖူလုံစေရန်အတွက် မီဦးရေတံခါးရှေ့ချောင်းအတွင်း ကဏန်းမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့ နံနက် (၁၁း၀၀) နာရီအချိန်ခန့်က ပြုလုပ်သည်။

အခမ်းအနား ခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဒေါ်ဝါဝါသိန်းက သဘာဝရေပြင်အတွင်း ကဏန်းမျိုး စိုက်ထည့်ခြင်းနှင့် ပတ်သက်၍ လပွတ္တာမြို့နယ်သည် မြစ်ချောင်းအင်းအိုင်ပေါများပြီး ကဏန်း သယံဇာတလည်းပေါများသည့် ဒေသလည်းဖြစ်ပါသည်။ ယခုအခါပတ်ဝန်းကျင် အခြေအနေ သဘာဝ ပတ်ဝန်းကျင်အခြေအနေအရ လူထုကအလွန်အကျွံ ဖမ်းဆီးမှုကြောင့် ကဏန်းသယံဇာတများ ရှားပါးနေသည့်အချိန်တွင် သဘာရေပြင်အတွင်း ကဏန်းမျိုးစိုက်ထည့်ခြင်းဖြစ် ပါတယ်။

ထိုနောက် ခရိုင် / မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ဒုတိယခရိုင်အုပ်ချုပ်ရေးမှုးနှင့် ၊ခရိုင်/ မြို့နယ် ဌာနဆိုင် ရာအကြီးအကဲများက မီဦးရေတံခါးသဘာဝရေပြင်အတွင်း ကဏန်းအကောင်းရေ (၂၀၀၀၀) ၃၅၅KG၊ မျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

လပွတ္တာခရိုင် ပြန်/ဆက်


No comments:

Post a Comment