နေပြည်တော် စက်တင်ဘာ ၂
စားနပ်ရိက္ခာဖူလုံရေး အတွက် နိုင်ငံတစ်ဝန်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ အရှိန် အဟုန်မပျက် ဆောင်ရွက်နိုင်ရေးနှင့် တောင်သူများ၊ လုပ်ငန်းရှင်များ၏ လိုအပ်သောနည်း ပညာနှင့် အကူအညီများပေးနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက သက်ဆိုင်ရာသေ အာဏာပိုင်များ၊ ဆက်စပ်ဌာန များနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိသည်။
ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် တာဝန်ရှိသူများ နှင့်အတူစက်တင်ဘာ ၁ ရက်တွင် စိုက်ပျိုးရေးသိပ္ပံ ကျောင်းတွင် တိုးချဲ့ဖွင့်လှစ်မည့် မွေးမြူရေး ဒီပလိုမာ သင်တန်းများအတွက် သင်ကြားရေး အထောက်အကူပြု လုပ်ငန်းများ တည်ဆောက်မွမ်းမံ နေမှုများကို ကြည့်ရှု စစ်ဆေးပြီး သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းများနှင့်အညီ ပြီးစီးရေး၊ ဆရာ ဆရာမများ အရည်အချင်း မြှင့်တင်ပေးနိုင်ရေး၊ သင်ကြားမှု သင်ယူမှု မထိခိုက်စေရေးနှင့် ဦးစီးဌာန တာဝန်ရှိသူများနှင့်တွေ့ဆုံရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းက သဘာဝ ဘေးဒဏ် ခံ ဒေသများသို့တိရစ္ဆာန် အစာနှင့် တိရစ္ဆာန်သုံး ဆေးဝါးဖြန့်ဖြူး ပေးနေမှုများကိုလည်း ကောင်း၊ မျိုးကောင်းမျိုးသန့် တိရစ္ဆာန်ဖြန့်ဖြူးခြင်း၊ မြစိမ်း
ရောင် (အသားကဏ္ဍ) ကျေးရွာ ထူထောင်ခြင်းနှင့် နေပြည်တော်၊ ၊ တပ်ကုန်းမြို့နယ်တွင် ခွာနာ လျှာနာရောဂါ ကာကွယ်ထိန်းချုပ် ဇုန်တည်ထောင်ခြင်း လုပ်ငန်းများ ဆောင်ရွက် နေမှုများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့ ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment