မြစ်ကြီးနား စက်တင်ဘာ ၆
ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်းနှင့် ကပ်ရောဂါကာလအလွန် ရာသီပေါ် ဟင်းသီးဟင်း ရွက်စိုက်ပျိုးသည့် တောင်သူများ စီးပွားရေးအဆင်ပြေစေရေးနှင့် ဈေးကွက်ရှာဖွေပေးနိုင်ရေး ပြည် နယ်အစိုးရအဖွဲ့အနေဖြင့် လိုအပ်သည့်ကိစ္စရပ်များ ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရေး တို့အတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ ညနေ ၄ နာရီတွင် ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာရှိ ဒူဝါလဝမ်လီအောက်မေ့ဖွယ်ခန်းမဆောင်၌ မြို့နယ်အတွင်းရှိ တောင်သူများနှင့် တွေ့ဆုံခဲ့သည်။
တောင်သူများနှင့် တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်
ဦးခက်ထိန်နန်က ရာသီပေါ်သီးနှံ စိုက်တောင်သူများအနေဖြင့် နှစ်စဉ်ကြုံတွေ့ရသည့် သဘာဝဘေးဒဏ်များ၊
အခက်အခဲများ၊ စနစ် ကျသည့် စိုက်ပျိုးနည်းပညာလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရေးနှင့်
တွေ့ကြုံရသည့် အခက်အခဲများအပေါ် မြို့နယ်ဟင်းသီးဟင်းရွက်စိုက်ပျိုးသူများအသင်းတစ်ခုကို
ထူထောင်၍ မိမိ တို့အစိုးရအဖွဲ့နှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြေရှင်းဆောင်ရွက်ရန်လိုကြောင်း၊
မိမိတို့အနေဖြင့် ဈေးကွက် ရှာဖွေ၍ သဘာဝသီးနှံများအဖြစ် စိုက်ပျိုးရောင်းချနိုင်ရေးကို
အားပေးကူညီရန်အသင့်ရှိကြောင်း တိုက်တွန်းအားပေးပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်
ပြည်နယ်သယံဇာတရေးရာဝန်ကြီး တို့က တောင်သူများအတွက် ကိုဗစ်-၁၉ ကာကွယ်သုံးပစ္စည်းများကို
ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊
ပြည်နယ်ဦးစီးမှူး ဦးဌေးလွင်က ဦးစီးဌာနအနေ ဖြင့် စနစ်တကျစိုက်ပျိုးထုတ်လုပ်ရေး နည်းပညာနှင့်
တောင်သူအသိပညာပေးလုပ်ငန်းများ ဆောင် ရွက်နေမှုများ၊ မျိုးကောင်းမျိုးသန့်များ စုဆောင်းရှာဖွေပေးခြင်းနှင့်
ရာသီပေါ်သီးနှံ စိုက်ပျိုးရာတွင် ပံ့ပိုးဆောင်ရွက်ပေးနိုင်သည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားပြီး
တောင်သူများထံ ဟင်းသီး ဟင်းရွက်မျိုးစေ့များကို ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် တက်ရောက်လာကြသည့် ဝိုင်းမော်မြို့နယ်အတွင်းမှ
ဝိုင်းမော်မြို့၊ မိုင်းနား၊ နောတာလော၊ မခေါယန်ကျေးရွာများမှ တောင်သူများက ရာသီဥတုအခြေအနေကြောင့်
သီးနှံ ပျက်စီဆုံးရှုံးမှုဖြစ်စဉ်များနှင့် မြေသြဇာစနစ်တကျ မသုံးစွဲနိုင်မှုကြောင့်
အရှုံးပေါ်သည့် ဖြစ်စဉ်များ၊ တွေ့ကြုံရသည့် စိုက်ပျိုးနည်းပညာလိုအပ်ချက်များ၊ စိုက်ပျိုးရေရရှိရေးနှင့်
လိုအပ်ချက်များအပေါ် ဖြည့်ဆည်းပေးနိုင်ရေး တင်ပြဆွေးနွေးကြသည်။
တောင်သူများ၏ ဆွေးနွေးတင်ပြမှုများကို
စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့က ဖြေရှင်းဆောင်ရွက်ရန်
နည်းလမ်းများ၊ နည်းစနစ်တကျ စိုက်ပျိုးနိုင်ရေးကွင်း ဆင်းဆောင်ရွက်ပေးသွားမည့် အစီအစဉ်များကို
ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ကဏ္ဍအလိုက် တင်ပြမှုများအပေါ် စိုက်ပျိုးရေးဦးစီးဌာန၊
ဆက်စပ်ဌာနဆိုင်ရာများနှင့် ပေါင်းစပ် ညှိနှိုင်း၍ ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြပြီး နည်းစနစ်တကျစိုက်ပျိုးနိုင်ရေးနှင့်
ရာသီအလိုက ်သီးထပ် သီးနှံများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနိုင်ရေးကို အားထည့်ဆောင်ရွက်ကြရေး၊
ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လိုအပ်သည့် ကူညီမှုများပံ့ပိုးပေးနိုင်ရေး စီစဉ်ဆောင်ရွက်
ပေးခဲ့သည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်
မြစ်ကြီးနားမြို့ရှိ တိုင်းရင်းဆေးရုံ၌ ဆေးရုံ
တာဝန်ခံ၊ ဝန်ထမ်းများနှင့် သွားရောက် တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြင်ပလူနာများ
လက်ခံ ကုသပေးနေမှုအခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ကာ ဆေးရုံ၌ အတွင်းလူနာများကို
လက်ခံ ကုသနိုင်ရေးအတွက် ကိုဗစ်-၁၉ စစ်ဆေး၍ လက်ခံပေးနိုင်ရေး ဆေးရုံတာဝန်ရှိသူများ၊
ဌာနဆိုင်ရာ များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ဆေးရုံအတွက် ကိုဗစ်-၁၉
ကာကွယ်ရေးသုံးပစ္စည်းများနှင့် ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်
ခဲ့သည်။
ပြည်နယ်ပြန်/ဆက်
No comments:
Post a Comment