ငါန်းဇွန် စက်တင်ဘာ ၂၃
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် လူဝင်ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ် မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် မေလ(၃)ရက်နေ့မှစတင်ပြီး ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်း ဆောင်ရွက်ပေးလျှက်ရှိရာ ယမန်နေ့ နံနက် ၉နာရီအချိန်မှစ၍ အမှတ်(၄)ရပ်ကွက် အခြေခံပညာ မူလတန်းကျောင်း၌ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြ စို့ ဆောင်ပုဒ်နှင့်အညီ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ရုံးမှ ဦးစီးအရာရှိ ဦးလှသိန်းနှင့် ဝန်ထမ်းများက အမှတ်(၄)ရပ်ကွက်အတွင်းရှိ ပြည်သူများအား နိုင်ငံသား စိစစ် ရေးကတ်ပြား ပြုလုပ်ပေးခြင်း၊ လဲလှယ်ပေးခြင်းနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ စိစစ်၊ လဲလှယ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျှက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းသိန်း (မြို့နယ်အုပ်ချုပ် ရေးမှူး)၊ အဖွဲ့ဝင် ဗိုလ်မှူးနေမင်းထိုက်နှင့် ရပ်ကွက်အုပ်ချုပ်ရေး မှူးတို့က ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ် ပြန်ထားသော ကိုဗစ်- ၁၉ရောဂါကာကွယ် ထိန်းချုပ်ရေး ဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ရေး ကွင်းဆင်းကြည့်ရှု ကြီးကြပ်ဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။
သက်နောင်ဦး(ငါန်းဇွန်)

No comments:
Post a Comment