ဟင်္သာတ ၊ စက်တင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဟင်္သာတမြို့နယ် ပဲကြီးကျွန်းကျေးရွာ၌ ဆိုလာအသေးစား ဓာတ်အားလိုင်းပေး (Mini-Grid) စနစ်ဖြင့် အချိန်ပြည့်လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ခဲ့ရာ အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း(NEP, Off-grid)ဖြင့် ငွေကျပ် (၁၂၃၄.၅)သန်းဖြင့် အကုန်အကျခံ ဆောင်ရွက်ခဲ့ပြီး ယခုအခါ လုပ်ငန်းများရာနူန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးရွာလျှပ်စစ်မီးလင်းရေးလုပ်ငန်းကို Mega Global Green AutomationCo;Ltd မှ တာဝန်ယူဆောင်ရွက်ပြီး မဟာဓာတ်အားလိုင်း ပြင်ပအမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း (NEP,Of-grid)အတွက် ဌာနထည့်ဝင်ငွေ(၆၀)ရာခိုင်နှုန်း ၊ပြည်သူထည့်ဝင်ငွေ (၂၀)ရာခိုင် နှုန်း ရင်းနှီးမြှုပ်နှံသည့်ကုမ္ပဏီမှ ထည့်ဝင်ငွေ (၂၀)ရာခိုင်နှုန်းဖြင့် ဆိုလာ-ဒီဇယ် ပေါင်းစပ်စနစ် (Hybrid system)ဖြင့် (၁၃၂ ကီလိုဝပ်) ထိ ထုတ်ယူသုံးစွဲနိုင်မည်ဖြစ်ကာ ယခုအခါ ကျေးရွာအတွင်းရှိ အများပြည် သူအသုံးပြု အဆောက်အဦ ၅ ခု၊ လမ်းမီးတိုင် (၁၈၂)တိုင်နှင့် အိမ်ခြေ (၂၉၃)တို့အတွက် အချိန်ပြည့် လျှပ်စစ်မီး စတင်ဖြန့်ဖြူးပေးနေပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမြို့နယ်ဦးစီးမှူး ဦးညီညီဆွေထံမှသိရပါသည်။
ကိုဇော်

No comments:
Post a Comment