Thursday, September 23, 2021

ကျောက်ပန်းတောင်းမြို့နယ် ဘင်ဂွကျေးရွာနှင့် တံခါးကြီးကျေးရွာတို့တွင် ကျေးရွာခေါင်းဆောင်မှု နှင့် အစိမ်းရောင်ကျေးလက်ဖွံ့ဖြိုးရေးအသိပညာပေးသင်တန်းများဖွင့်လှစ်

 



ကျောက်ပန်းတောင်း၊ စက်တင်ဘာ-၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မှ ဘင်ဂွကျေးရွာ အုပ်စု ဘင်ဂွ ကျေးရွာနှင့် တငါ့ကန်ကျေးရွာအုပ်စု တခါးကြီးကျေးရွာတို့တွင် ကျေးရွာခေါင်းဆောင်မှုနှင့်အစိမ်းရောင်ကျေးလက် ဖွံ့ဖြိုးရေး အသိပညာပေး သင်တန်းများကို ဖွင့်လှစ်လျှက်ရှိရာ၊ စက်တင်ဘာ(၂၃)ရက်နေ့ နံနက်(၉:၃၀)နာရီမှ မွန်းတည့် (၁၂) နာရီအထိ ဘင်ဂွ ကျေးရွာ ဓမ္မာရုံတွင် ဆောင်ရွက် ခဲ့ ကြောင်းသိရသည်။

မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျောက်ပန်းတောင်းမြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ် ရေပေးရေးလုပ်ငန်းနှင့် ကျေးရွာဖွံ့ဖြိုးရေး(VDP) စီမံကိန်းဆောင်ရွက်ပေး ခဲ့သော ဘင်ဂွကျေးရွာနှင့် တခါးကြီးကျေးရွာတို့ တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ဆိုင်ရာ လမ်းညွှန်ချက်များ နှင့် အညီ ဖွင့်လှစ်ဆောင်ရွက်ခဲ့ ခြင်း ဖြစ်ပြီး၊ အဆိုပါ ကျေးရွာများမှ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိ/ရပ်ဖများနှင့် သက်ဆိုင်ရာ လုပ်ငန်းကော်မတီဝင် များ တက်ရောက်ခဲ့ကြသည်။ အဆိုပါ သင်တန်းတွင် ခေါင်းဆောင်မှုဆိုင်ရာအချက်အလက်များ၊ ဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျှက်ရှိသော ရေပေးရေး၊ မီးလင်းရေး၊  ကုန်ထုတ် လမ်း/တံတား လုပ်ငန်းများ၊ မြစိမ်းရောင်စီမံကိန်း၊ VDP စီမံ ကိန်း စသည့်အချက်အလက်များနှင့် ပတ်သက်၍လည်းကောင်း၊ ဆောင်ရွက်ပြီးစီမံကိန်းလုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ထိန်းသိမ်းရေးလုပ်ငန်းများနှင့်ပတ်သက်၍လည်းကောင်း၊ အစိမ်းရောင် ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များနှင့်ပတ် သက်၍လည်းကောင်း အသိပညာပေးဆွေးနွေးခြင်းဖြစ်ပြီး၊ တက်ရောက် လာသည့် သင်တန်းသားများ၏ မေးမြန်းဆွေးနွေးမှု များကိုလည်း မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် သက်ဆိုင်ရာဝန်ထမ်းများက ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။

အဆိုပါ သင်တန်းများဖွင့်လှစ်ပေးခြင်းဖြင့် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် တတ်လာခြင်း၊ ဆောင်ရွက်ပြီးလုပ်ငန်းများ ရေရှည်တည်တံ့အောင် ထိန်းသိမ်းတတ်လာခြင်းနှင် ကျေးရွာပတ်ဝန်းကျင်ရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လှပသာယာရေး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်တတ်လာစေခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်းနှင့် သင်တန်းကို မွန်လွဲ(၁)နာရီမှ ညနေ(၄)နာရီအထိ တခါးကြီးကျေးရွာ ဓမ္မာရုံတွင် ဆက်လက် ဖွင့်လှစ်ခဲ့ပြီး၊ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် ဝန်ထမ်းများက ကဏ္ဍအလိုက် တာဝန်ယူ သင်ကြား ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)

No comments:

Post a Comment