သီပေါ စက်တင်ဘာ ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် ၊ သီပေါမြို့တွင် ယမန်နေ့ နံနက်ပိုင်းက သီပေါ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ သီပေါမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ကုသရေးကော်မတီအဖွဲ့သို့ ကာကွယ်ရေးသုံးပစ္စည်းများပေး အပ်လှူဒါန်းကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန် ကြီးချုပ်ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်တို့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများဖြစ်သည့် mask ခုရေ (၁)သောင်း၊ Surgical grown(၂၀၀) Surgical cap(၂၀၀)၊Handgel(၅၀) ထောက်ပံ့ငွေကျပ် (၁၀) သိန်း တို့ကို ပေးအပ်လှူဒါန်းပေးရာ သီပေါမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်၊ ကုသရေးကော်မတီအဖွဲ့ များမှ လက်ခံရယူကြောင်းသိရသည်။
အင်းသားလေး(တောင်ကြီး)
No comments:
Post a Comment