Sunday, September 12, 2021

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေး

 


မင်းဘူး စက်တင်ဘာ ၁၂

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် တာဝန်ရှိသူများလိုက်ပါကာ ယမန်နေ့ မွန်းလွဲပိုင်းက မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် စကုမြို့ရှိ သားမွေးချောင်း(နွားကူးရိုး) ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ စကုမြို့မဈေးကြီးပြန်လည် တည်ဆောက်နေမှုများနှင့် စကုမြို့ပြည်သူ့ဆေးရုံဝင်းအတွင်း အမြင့်တင်ရေစင် တည်ဆောက် နေမှု များကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရှင်းလင်းဆောင်များ၌ သက်ဆိုင်ရာ တာဝန်ရှိ သူများမှ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

စကုမြို့ရှိ သားမွေးချောင်း(နွားကူးရိုး) အရှည် ၃၈၁၀၀ ပေရှိပြီး၊ အကျယ် (ပျမ်းမျှ) ၁၂ ပေမှ ပေ ၃၀ ၊ အနက်  (ပျမ်းမျှ) ၅ ပေမှ ၁၇ ပေအထိရှိကြောင်း၊ ယခုအခါ ရိုးအတွင်း သဲနုန်းတူးဖော်ခြင်း လုပ်ငန်းများဆောင်ရွက်နေပြီး ရိုးတလျောက် မြို့ပေါ်ရပ်ကွက်အချို့နှင့် ကျေးရွာများတွင် ရေကြီးရေလျှံ ခြင်းနှင့် လယ်မြေများ ရေကြီးနစ်မြုပ်မှုတို့မှ လျော့ပါးသက်လာမည်ဖြစ်ကြောင်း၊ စကုမြိုမဈေးကြီးကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသဖွံ့ဖြိုးရေး ခွင့်ပြုရန်ပုံငွေ ကျပ်သန်းပေါင်း (၆၀၀)ဖြင့် ဆောင်ရွက် နေပြီး (၉၀)ရာခိုင်နှုန်းကျော် တည်ဆောက်ပြီးစီးပြီဖြစ်ကြောင်း၊ စကုမြို့ပြည်သူ့ဆေးရုံဝင်းအတွင်း၌ အမြင့်တင်ရေစင် တည်ဆောက်ခြင်းကို မကွေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး မိသားစုမှ အလှူငွေကျပ် (၇၅)သိန်းဖြင့် ဆောက်လုပ် လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်မှ အသစ်ပြန်လည်တည်ဆောက်နေသော စကုမြို့မဈေးကြီးအတွင်း၌ အမှတ်တရအဖြစ် နံ့သာဖြူပင်ကို စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)

No comments:

Post a Comment