Wednesday, September 1, 2021

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ မဟာအောင်မြေမြို့နယ်အတွင်းရှိ အိမ်ထောင်စု ( ၂၈၈၂ ) စု လူဦးရေ (၁၁၄၀၃)ဦး တို့အား ဆန်များထောက်ပံ့ပေးအပ်

 



မန္တလေး စက်တင်ဘာ ၁

 

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ မဟာအောင်မြေမြို့နယ်အတွင်းရှိ အိမ်ထောင်စု ( ၂၈၈၂ )စု လူဦးရေ (၁၁၄၀၃)ဦးတို့အား ဆန်များထောက်ပံ့ပေးအပ်ခြင်းကို စက်တင်ဘာလ ၁ရက်နေ့ နံနက် ၁၀နာရီခွဲက မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်ရှိ စိန်ပန်းအားကစားခန်းမတွင် ကျင်းပသည်။

 

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကိုနှင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးတို့က ယခုကာလတွင် စားဝတ်နေရေးအဆင်မပြေသည်ကို ရှေးရှု၍ မဟာအောင်မြေမြို့နယ်အတွင်းရှိ ကျူးကျော်တဲများတွင် နေထိုင်သူများကို အိမ်ထောင်စု တစ်စုလျှင် ဆန် ၆ပြည်နှုန်း ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ကြောင်း ပြောကြားကာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တက်ရောက်လာသည့် ရပ်ကွက်နေပြည်သူများအား ဆန်များ ထောက်ပံ့ပေးအပ်ခဲ့သည်။

 

အဆိုပါ ဆန်များထောက်ပံ့ပေးအပ်သည့် နေရာသို့ မန္တလေးတ်ိုင်းဒေသကြီး ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ စည်ပင်သာယာရေး ဝန်ကြီး ဦးကျော်ဆန်း၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ၊ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိန်လွင်၊ မန္တလေးခရိုင် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေနှင့် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြ ကြောင်း၊  မဟာအောင်မြေမြို့နယ်အတွင်းရှိ အိမ်ထောင်စု (၂၈၈၂)စု လူဦးရေ (၁၁၄၀၃)ဦးတို့အတွက် ဆန် (၇၂၀)အိတ်နှင့် (၁၆)ပြည် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထိပ်ထားနိုင်

No comments:

Post a Comment