အထက်မင်းလှ စက်တင်ဘာ ၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ စစ္စနို့ ကျေးရွာ 33/11KV.5MA ဓာတ်အားခွဲရုံ တည်ဆောက်ရာတွင် ပါဝင်သည့် ယာမြေများအတွက် လျော်ကြေးငွေပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနား၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး
ဦးသန်းထွန်းအောင်က အမှာစကား ပြောကြားရာတွင်
စစ္စနို့ကျေးရွာ 33/11KV. 5MA ဓာတ်အားခွဲရုံ တည်ဆောက်ရာတွင် ပါဝင်သည့် ယာမြေများအတွက်
လျော်ကြေးငွေများကို လျှစ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပြည်ထောင်စုဘတ်ဂျက်ရန်ပုံငွေဖြင့်
လျော်ကြေးငွေပေးအပ်ခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့ပြီး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်
စာရင်းအင်းဦးစီးဌာနမှ ဒုတိယဦးစီးမှူးက လယ်ယာမြေအသုံးပြုမှုနှင့်ပတ်သက်၍ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်မြင့်ဝင်းက စစ္စနို့ကျေးရွာ 33/11KV. 5MA ဓာတ်အားခွဲရုံ တည်ဆောက်ရာတွင် ပါဝင်သည့် ယာမြေလျော်ကြေးငွေပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ယာမြေလျော်ကြေးငွေပေးအပ်ပွဲကျင်းပရာ
စစ္စနို့ ကျေးရွာ 33/11KV. 5MA ဓာတ်အားခွဲရုံ တည်ဆောက်ရာတွင် ပါဝင်သည့် တောင်သူ ၂ ဦး၏
ယာမြေဧက ၂.၀၉ ဧကအတွက် လျော်ကြေးငွေကျပ် ၂၀၅ သိန်း အား မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်
လျှပ်စစ်မန်နေဂျာနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက တောင်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြကြောင်း
သိရသည်။
ဇာဇာ(အထက်မင်းလှ)

No comments:
Post a Comment