တံတားဦး စက်တင်ဘာ ၂
ကျောက်ဆည်ခရိုင် တံတားဦးမြို့တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေအမှတ်(၁၂၆၀) စင်တီမီတာဖြစ်သော်လည်း လက်ရှိတွင်(၁၁၈၄)စင်တီမီတာသို့ လည်းကောင်း၊ ဒုဌဝတီ မြစ်ရေသည် စိုးရိမ်ရေအမှတ်(၈၇၀) စင်တီမီတာဖြစ်သော်လည်း လက်ရှိတွင်(၈၂၆) စင်တီမီတာသို့ ရောက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါမြစ်ရေတက်မှုကြောင့် တံတားဦးမြို့နယ်အတွင်းရှိ
ရပ်ကွက်/ကျေးရွာများနှင့် ကျေးရွာအုပ်စုမှ အိမ်ခြေ၊ အိမ်ထောင်စုများ ပြောင်းရွေ့နေရာချထားရေး၊
လူနှင့် ကျွဲ၊ နွား တိရိစ္ဆာန်များ ဆုံးရှုံးမှုမရှိစေရေး၊ နီးစပ်ရာရေဘေးရှောင်စခန်းများသို့
ပြောင်းရွေ့နေထိုင်ရေး တို့ကို သက်ဆိုင်ဌာနများနှင့် ပူးပေါင်းပြီး ရေဘေးရှောင်စခန်းများသို့
သွားရောက်၍ ရေဘေးရှောင် ပြည်သူများအား ကျန်းမာရေးနှင့်အညီ နေထိုင်စားသောက်ရေး စသည်တို့အား
တွေ့ဆုံလမ်းညွှန်မှုပြုခဲ့ကြောင်း မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စိုးထံမှ
သိရသည်။
တံတားဦးမြို့နယ်တွင် ရေဘေးရှောင်ကျေးရွာအုပ်(၅)အုပ်စု
၊ ကျေးရွာပေါင်း(၈)ရွာရှိကြောင်း ၊ ပေါက်မြိုင်ကျေးရွာတွင် အိမ်ထောင်စု(၁၀)စုတွင် လူဦးရေပေါင်း(၄၁)ဦး၊
ရွာမကျေးရွာတွင် အိမ်ထောင်စု(၃)စု တွင်လူဦးရေပေါင်း(၁၉)ဦး၊ တောင်ကုန်းကျေးရွာတွင် အိမ်ထောင်စု(၇)စုတွင်
လူဦးရေပေါင်း(၃၅)ဦး၊ ကူစုကျေးရွာတွင် အိမ်ထောင်စု(၈)စုတွင် လူဦးရေပေါင်း(၄၈)ဦး၊ မီးသွေးတိုက်ကျေးရွာတွင်
အိမ်ထောင်စု(၅)စုတွင် လူဦးရေပေါင်း(၂၅)ဦး၊ ဂန္ဓာဂရာဇ် ကျေးရွာတွင် အိမ်ထောင်စု(၅)စုတွင်
လူဦးရေပေါင်း(၂၄)ဦး၊ ထောက်ရစ်ကျေးရွာတွင် အိမ်ထောင်စု (၁၇၀)စုတွင် လူဦးရေပေါင်း(၇၁၆)ဦးနှင့်
ငါးရာပြားကျေးရွာတွင် အိမ်ထောင်စု(၅) စုတွင် လူဦးရေပေါင်း(၁၇)ဦးဖြစ်ပြီး ရေဘေးရှောင်ပြည်သူများ၏
ကျွဲ ၊ နွား ၊ မြင်း ၊ ဝက် ကောင်ရေမှာ(၁၁၈၇)ကောင်တို့အား ရေလွတ်သို့ ပြောင်းရွေ့နေထိုင်ကြကြောင်းသိရသည်။
ရဲတင့်(တံတားဦး)

No comments:
Post a Comment