မဟာအောင်မြေ ဩဂုတ် ၂၄
မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစားများအား ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ(WFP)၏ ထောက်ပံ့မှုဖြင့်အိမ် ထောင်စု(၁)စုလျှင် ဆန်အိတ်တစ်အိတ်နှုန်း ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်(၇)နာရီအချိန်က လှူဒါန်းဝေငှခဲ့ကြောင်းသိရသည်။
အဆိုပါ လှူဒါန်းမှုတွင် မြန်မာ့နိုင်ငံကြက်ခြေနီအသင်း(MRCS)မှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း အကြီးတန်းကွင်းဆင်းအရာရှိ ဦးမြင့်ဆွေ၊ ကြက်ခြေနီ အသင်းတိုင်းကော်မတီဥက္ကဋ္ဌ ဒေါက်တာသိန်းထွန်း၊ အတွင်းရေးမှူးဦး ကျော်ကျော်၊ မြို့နယ်ကြက် ခြေနီတပ်ဖွဲ့မှူးဦးသန့်ဇင်ဦးတို့က အခြေခံလူတန်းစားအိမ်ထောင်စု(၂၇၅)စုအား ဆန်အိတ်များ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ခင်နှင်းဆီ


No comments:
Post a Comment