Tuesday, August 24, 2021

ပုသိမ်မြို့ပေါ်တွင် ဝါတွင်းကာလ သီတင်းသုံးတော်မူကြသော ဆရာတော် သံဃာတော်များနှင့် သီလရှင်များအား အခြေခံစားသောက်ကုန်များ ဆက်ကပ်လှူဒါန်းပြီး ခုတင်(၅၀၀) အထွေထွေရောဂါကု ဆေးရုံဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်


 ပုသိမ်   ဩဂုတ်  ၂၄

ပုသိမ်မြို့ပေါ်ရှိ ဝါတွင်းကာလ သီတင်းသုံးတော်မူကြသော ဆရာတော်သံဃာတော်များနှင့် သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်များ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယ​​နေ့  နံနက်(၀၉;၀၀)နာရီအချိန်က ပုသိမ်မြို့၊ ဧရာ​ရွှေဝါခန်းမ၌ ကျင်းပရာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့သည်။

ဆက်လက်၍ နိုင်ငံတော် သြဝါဒါစရိယ ညောင်ပင်သာကျောင်းတိုက် ပဓာနနာယကဆရာတော် (အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂ မဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တဝိဿုတမဟာထေရ်မြတ် ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခြင်း၊  ဆရာတော်သံဃာတော် အရှင်သူမြတ်များအား ဝါဆိုသင်္ကန်း နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ တိုင်းဒေသကြီး သံဃနာယကအဖွဲ့(သုဓမ္မာ)ဥက္ကဋ္ဌ မရမ်းချိုကျောင်းတိုက် ပဓာနနာယကဆရာတော် (အဂ္ဂမဟာဂန္ထဝါစပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇ) ဘဒ္ဒန္တသောဘိတ မဟာထေရ်မြတ်ထံမှ အနုမောဒနာ တရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအား ရုတ်သိမ်းခဲ့ပါသည်။ ပုသိမ်မြို့ပေါ်တွင် ဝါတွင်းကာလသီတင်းသုံးတော်မူကြသော ဆရာတော်သံဃာ တော်များနှင့် သီလရှင်များအား(၂၄,၂၇၆,၀၀၀)ကျပ်တန်ဖိုးရှိ ဆန်(၈၆၇)အိတ်၊ (၅.၃၈၂,၀၀၀) ကျပ်တန်ဖိုးရှိ ဆီ(၁၃၈၀)ပိဿာ၊ (၁၉၀,၀၀၀)ကျပ် တန်ဖိုးရှိ ဆား(၄၇၅)ပိဿာ၊ (၈,၇၈၇,၀၀၀)ကျပ် တန်ဖိုးရှိ ပဲ(၃,၀၃၀)ပိဿာ၊ (၁,၃၆၃,၅၀၀)တန်ဖိုးရှိ ကြက်သွန်(၃၀၃၀)ပိဿာ တို့အား လှူဒါန်းခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ပုသိမ်မြို့၊ ခုတင် (၅၀၀) အထွေထွေရောဂါကု ဆေးရုံကြီးဝင်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေကြသည့် တပ်မတော်မှ အရာရှိအရာခံစစ်သည်များ၊ အထွေထွေအုပ်ချုပ်ရေးစီးဌာနဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာ နိုင်ငံ မီးသတ်တပ်ဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်းအင်အား (၁၂၂)ဦးတို့ဖြင့် စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရှိရသည်။                                         

 

ကိုတွတ်

No comments:

Post a Comment