တောင်ဥက္ကလာပ ဩဂုတ်၂၄
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ယမန်နေ့မွန်းလွဲ(၁:၀၀)နာရီအချိန်က ပြည်သူများဈေးနှုန်းသက်သာစွာဖြင့် စားသောက်ကုန်များ အလွယ်တကူ ဝယ်ယူစားသုံးနိုင်ရေးအတွက် သန့်ရှင်းလတ်ဆက်သော ဆိတ်သား၊ အမဲသား၊ ဆန်၊ ဆီ၊ ကြက်ဉများစသည့်အခြေခံစားသောက်ကုန်များကို မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်း၏ အစီအစဉ်ဖြင့် mobile market ဈေးရောင်းကားများဖြင့် အမှတ်(၁၀)ရပ်ကွက်၊ သုမင်္ဂလာလမ်း၊ သုမင်္ဂလာပန်းခြံရှေ့၊ အမှတ်(၁၄)ရပ်ကွက်၊ သံသုမာလမ်း၊ ဥက္ကလာပဘုရားရှေ့တို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။
ထိုသို့ ရောင်းချပေးခြင်းကို မိဘပြည်သူများ သိရှိဝယ်ယူစားသုံးနိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ဈေးကားများစနစ်တကျ နေရာချထားပေးခြင်း၊
ကိုဗစ်-၁၉ ရောဂါမကူးစက်စေရန် တစ်ဦးနှင့်တစ်ဦး(၆)ပေအကွာမှ ဝယ်ယူစားသုံးကြရန် နှိုးဆော် အသိပေးခြင်းများနှင့် လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
ခင်ဆွေနှင်း

No comments:
Post a Comment