ကျောက်ဆည် ဩဂုတ် ၁၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ရဲကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေပြည်သူများ စိုက်ပျိုးရေး၊ မွေးမြူရေး၊အရောင်းအဝယ်လုပ်ငန်းများ တစ်ပိုင် တစ်နိုင် လုပ်ကိုင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက် (၁၀) နာရီက ကျေးရွာမတည်ရန်ပုံငွေ( VRFP) ကို ဒုတိယအကြိမ်မြောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာမတည်ရန်ပုံငွေ(VRFP) ထုတ်ချေးပေးရာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်သင်းသင်အေး၊ ဦးစီးအရာရှိ(နည်းပညာ)ဒေါ်ဌေးရီနှင့် ဝန်ထမ်းများက ရဲကျေးရွာရှိစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေသူ(၃၂)ဦးအတွက် ငွေကျပ်(၁၅၂)သိန်း၊ မွေးမြူရေး လုပ်ငန်း လုပ်ကိုင်နေသူ(၂၀)ဦးအတွက် ငွေကျပ်(၈၄)သိန်း၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်နေသူ (၃၃)ဦးအတွက် ငွေကျပ်(၇၄)သိန်း ၊ စုစုပေါင်းငွေကျပ်(၃၁၀)သိန်း ကို ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ရေးလမ်းညွှန်ချက်များနှင့်အညီ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ရဲကျေးရွာမှ အိမ်ထောင် စု (၁၅၈)စုအား ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ပြီး မိသားစုဝင်ငွေတိုပွားလာ စေရန် ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်မှ စတင်ထုတ်ချေးပေးခဲ့ရာ ယခုထုတ်ချေးပေးခြင်းသည် ဒုတိယအကြိမ် မြောက် ထုတ်ချေးပေးခြင်းဖြစ်ကြောင်းနှင့် မြို့နယ်အတွင်း ကျေးရွာမတည်ရန်ပုံငွေ(VRFP)ကို ကျေးရွာ (၁၀) ရွာ၌ ထုတ်ချေးပေးလျက်ရှိကြောင်း မြို့နယ်ဦးစီးမှူးဒေါ်သင်းသင်းအေးက ပြောပြ၍သိရသည်။
တင်တင်ထွေး

No comments:
Post a Comment