ပန်ဆောင် သြဂုတ် ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့ လမ်းဦးဌာနမှ ကျေးရွာ(၁၈)ရွာအဝင်လမ်းကို ကျင်းကျောက်မြေသား လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါလမ်းကို လမ်းဦးစီဌာနမှ ခွင့်ပြုရန်ပုံငွေကျပ် (၃၈၄.၂၀၀)သန်းဖြင့်
တင်ဒါအောင် (လုံဝေါစတား) ကုပ္မဏီလီမီတက်မှ တာဝန်ယူ ဆောင်ရွက်ခြင်းဖြစ်ပြီး လမ်းအရှည်
(နှစ်မိုင် နှစ်ဖာလုံ) အကျယ်၁၆ ပေ၊ ထု ၉ လက်မအပြင် လမ်းပခုန်း မြေသားဖို့ခြင်းနှင့်
ရေမြောင်းတူးခြင်း လုပ်ငန်းများပါဝင်ပြီး လမ်းပုံစံအတိုင်း စနစ်တကျ တည်ဆောက်ထားပါကြောင်းနှင့်
အခုအခါ(၇၅)ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ပြီး ကျေးရွာ(၁၈)ရွာမှ ပြည်သူလူထုများအတွက်
လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် ကုန်စည်စီးဆင်းမှုများကို ပိုမိုကောင်းမွန်
လာနိုင်မည်ဖြစ်ကြောင်း (လုံဝေါစတား) ကုမ္ပဏီ လုပ်ငန်းတာဝန်ခံ ဦးတင်လန်းထံမှ သိရသည်။
ဂျာယော်(ပန်ဆောင်)

No comments:
Post a Comment