Friday, August 13, 2021

ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေး သိပ္ပံကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ အိပ်ဆောင်အဆောက်အအုံ ဆောက်လုပ်နေမှု လုပ်ငန်းအရည်အသွေး ပြည့်မီရေး တာဝန်ရှိသူများအဖွဲ့ ကွင်းဆင်းကြည့်ရှုစစ်ဆေး



ပွင့်ဖြူ ဩဂုတ် ၁၃

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေး သိပ္ပံကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် အလျား ၁၇၃ ပေ၊ အနံ ၃၂ ပေ အာရ်စီနှစ်ထပ် အိပ်ဆောင်အဆောက်အအုံသစ်အား Galaxy Power ကုမ္ပဏီမှ တာဝန်ယူတည်ဆောက် လျက်ရှိရာ ယနေ့ နံနက်ပိုင်းက မြို့နယ် တည်ဆောက်ရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်နှင့် အဖွဲ့ဝင်များက လုပ်ငန်းအရည်အသွေးပြည့်မီရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်းတွင် တက်ရောက်ပညာသင်ကြား လျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အလျား ၁၇၃ ပေ၊ အနံ ၃၂ ပေ အာရ်စီနှစ်ထပ် အိပ်ဆောင် အဆောက်အအုံသစ် ဆောက်လုပ်ရန် ရန်ပုံငွေကျပ် ၂၆၂ ဒသမ ၉၆ သန်း ခွင့်ပြုချထား ပေးခဲ့ကြောင်း သိရကာ အဆိုပါ အိပ်ဆောင်အဆောက်အအုံသစ် ဆောက်လုပ်ခြင်းအား တင်ဒါအောင်မြင်သည့် Galaxy Power ကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာ ဦးဝေယံထွန်းနှင့် ဒေါ်စုသက်မောင် တို့က အနီးကပ်ကြီးကြပ်၍ တည်ဆောက်နေခြင်းဖြစ်ပြီး ယနေ့နံနက်ပိုင်းတွင် လုပ်ငန်းတည်ဆောက်ပြီးစီးမှု ၂၅ ရာခိုင်နှုန်း တည်ဆောက်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်နေသည့် ကျောင်းသား၊ ကျောင်းသူများ အိပ်ဆောင် အဆောက်အအုံသစ်အား လုပ်ငန်းအရည်အသွေး ပြည့်မီရေးနှင့် သတ်မှတ် ကာလအတွင်း အချိန်မီပြီးစီးရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ်တည်ဆောက်ရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် အဖွဲ့ဝင်များက မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးရာ တာဝန်ခံအင်ဂျင်နီယာများက လက်ရှိလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် သတ်မှတ် ကာလအတွင်း အချိန်မီပြီးစီးရေး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ကဏ္ဍအလိုက် ရှင်းလင်းတင်ပြရာ မြို့နယ်တည်ဆောက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ  နေထိုင်နိုင်ရန်နှင့် ရေရှည်တည်တံ့ ကောင်းမွန်ရေးအတွက် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ လုပ်ငန်းအရည်အသွေး ပြည့်မီရေး ကြိုးပမ်း ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့သည်။

ရဲဝင်းနိုင် (ညောင်ဦး)



No comments:

Post a Comment