ပဲခူး သြဂုတ် ၂၅
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယနေ့နံနက် (၁၀:၀၀)နာရီအချိန်က ပဲခူးမြို့ခုတင် (၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံခဲ့ရသော ကျန်းမာရေးဝန်ထမ်းများ၊ Volunteer များနှင့် ဆေးရုံဝန်ထမ်းများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ငွေများနှင့် အင်အားဖြည့် အစားအစာများ ပေးအပ်ခြင်းအခမ်းအနားကို အဆိုပါ ဆေးရုံကြီးအစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ပဲခူးမြို့နယ်ရှိ
ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်ရင်း ကိုဗစ်-၁၉ ကူးစက်ခံခဲ့ရသော ကျန်းမာရေးဝန်ထမ်းများအတွက်
တစ်ဦးလျှင်(၁)သိန်းနှုန်းဖြင့် ထောက်ပံ့ရာ လူဦးရေ (၇၅၇)ဦးအတွက် (၇၅၇)သိန်းကို ပဲခူးတိုင်းဝန်ကြီးချုပ်
ဦးမျိုးဆွေဝင်းမှ ထောက်ပံ့ပေးအပ်ရာ ကျန်းမာရေး ဝန်ထမ်းများကိုယ်စား တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး
ဒေါက်တာသီဟမှလည်းကောင်း၊ ရောဂါ ကူးစက်ခံခဲ့ရသော Volunteer(၁၃၆)ဦးအတွက် (၁၃၆)သိန်းကို
ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ ထောက်ပံ့ပေးအပ်ရာ ရောဂါကူးစက်ခံခဲ့ရသော
Volunteerများကိုယ်စား ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လတ်မှလည်းကောင်း၊ ဆေးရုံဝန်ထမ်းများအတွက်
အင်အားဖြည့် ကြက်ဥကဒ်များကို ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ ထောက်ပံ့ပေးအပ်ရာ
ဆေးရုံဝန်ထမ်းများကိုယ်စား ခုတင်(၅၀၀) ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်မှလည်းကောင်း
အသီးသီးလက်ခံရယူခဲ့ကြပြီး စုစုပေါင်းကျပ်(၈၉၃)သိန်းနှင့် အင်အားဖြည့် အစားအစာများ ထောက်ပံ့ပေးခဲ့ကြောင်း
သိရှိရသည်။
ထိုသို့ လှူဒါန်းပေးခြင်းအတွက် ရောဂါကူးစက်ခံခဲ့ရသော
ကျန်းမာရေးဝန်ထမ်းများနှင့် Volunteerများကိုယ်စား ကျန်းမာရေးဝန်ထမ်း(၁)ဦးမှ ထောက်ပံ့ငွေများ
ပေးအပ်ခြင်းအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့သည်။ အဆိုပါအခမ်းအနားသို့ ဌာနဆိုင်ရာဝန်ထမ်းများ
ကျန်းမာရေးဝန်ထမ်းများ ၊ Volunteerများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။


No comments:
Post a Comment