Wednesday, August 25, 2021

နတ်မောက်မြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများနှင့်ပူးပေါင်း၍သုတေသနအသိ ပညာပေးဆောင်ရွက်

 

                                                                                                                                                                          




                         

 

နတ်မောက်   သြဂုတ်  ၂၅

မကွေးတိုင်းဒေသကြီး    နတ်မောက်မြို့နယ် လေးအိမ်ကျေးရွာအုပ်စု  ၊ လေးအိမ်ကျေးရွာတွင် ယမန် နေ့ နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများနှင့် ပူးပေါင်း၍ သုတေသန အသိပညာ ပေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသနှင့်ကိုက်ညီသော ဝါမျိုးစေ့များကို တောင်သူများရွေးချယ် စိုက်ပျိုးနိုင်ရေးအတွက် တောင်သူဦးနေဝင်း၏ စိုက်ခင်းတွင် ငွေခြည်( ၉ )၊ ငွေခြည် (၁၁) ၊ ရွှေတောင် (၈) ၊ ရွှေတောင် (၁၀ ) ၊ မျိုး(၄)မျိုး ယှဉ်ပြိုင်စိုက်ပျိုးခြင်း စမ်းသပ်ကွက် များအား တောင်သူအသိပညာပေး စိုက်ပျိုးထားရှိပြီး ပိုးမွှားရောဂါကျရောက်မှု ကင်းထောက်မှတ် တမ်းယူခြင်းလုပ်ငန်း များဆောင်ရွက်ခဲ့ကြောင်း သိရသည်။                        

သင်းသင်းမြတ်         

No comments:

Post a Comment