Wednesday, August 25, 2021

တနင်္သာရီမြို့နယ်မှ တောင်သူ(၆၄၄)ဦး၏ မိုးစပါး(၃၈၉၅) ဧက အတွက်မိုးစိုက်ပျိုးစရိတ်ငွေ (၅၈၄၂) သိန်းကျော် ထုတ်ချေးပေးခဲ့

 





တနင်္သာရီ  ဩဂုတ်၂၅

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်- မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တနင်္သာရီမြို့နယ် အတွင်း လတ်တလော ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေစဉ်ကာလတွင် တောင်သူများငွေရေးကြေးရေး အခက်အခဲ မဖြစ်စေရန် ရည်ရွယ်၍ ကျေးရွာအုပ်စုပေါင်း(၂၁)အုပ်စုရှိသည့်အနက် (၈)အုပ်စု အတွင်းမှ တောင်သူ ပေါင်း (၆၄၄)ဦး၏ မိုးစပါးဧက(၃၈၉၅)ဧကအတွက် ၂၀၂၁-ခုနှစ်၊မိုးစိုက်ပျိုး စရိတ်ချေးငွေ အဖြစ် တစ်ဧကလျှင်(၁၅၀၀၀၀)ကျပ်နှုန်းဖြင့်  လယ်ဧက(၃၈၉၅)ဧကအတွက် ချေးငွေပေါင်း ကျပ် (၅၈၄၂သိန်း ၅၀၀၀၀)တိတိကို ၂၀၂၁ခုနှစ်၊ ဇွန်လ(၈)ရက်နေ့မှစ၍ ယနေ့အထိ လူစုလူဝေး မဖြစ်စေရန် အသုတ်လိုက်ခေါ်ယူပြီး မြိတ်မြို့-ဈေးတန်းရပ်ကွက်၊ အရှေ့ကျောင်း ဘုန်းတော်ကြီး ကျောင်းဓမ္မာရုံ အတွင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ထုတ်ပြန်ချက်နှင့်အညီ ထုတ်ချေး ပေးခဲ့ကြောင်း သိရှိရသည်။

ယင်းသို့ မိုးစိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးပေးရာတွင် တောင်သူများ၏ လယ်ယာမြေ ပိုင်ဆိုင်မှုပုံစံ()အရ လယ်မြေတစ်ဧကလျှင် ကျပ်(၁၅၀၀၀၀)နှုန်းဖြင့် ၂၀၂၁ခုနှစ်၊ ဇွန်လအတွင်းက

ပဝကျေးရွာအုပ်စုနှင့် သကျက်ကျေးရွာအုပ်စုအတွင်းမှတောင်သူ(၂၄၀)ဦးကိုလည်းကောင်း၊ ဇူလိုင်

လအတွင်းတွင် လယ်သစ်ကျေးရွာအုပ်စု၊ ဘန်လောကျေးရွာအုပ်စု၊ သာရဖုံကျေးရွအုပ်စု၊ ဇဝဲကျေး ရွာအုပ်စု၊ တမုတ်ချုန်းကျေးရွာအုပ်စုနှင့်ဘန်းလမွတ်ကျေးရွာအုပ်စုတို့မှ တောင်သူ(၄၀၄)ဦး ၊ ..စုစု

ပေါင်းတောင်သူ(၆၄၄)ဦး၏ လယ်ဧက(၃၈၉၅)ဧကအတွက် (၅၈၄၂သိန်း.၅၀၀၀၀)တိတိကို ထုတ်

ချေးပေးခဲ့ပြီးဖြစ်ကြောင်း၊ ကျန်ရှိနေသေးသည့် ကျေးရွာအုပ်စုများမှတောင်သူများကိုလည်း ဆက်

လက်ထုတ်ချေးပေးနိုင်ရန်အတွက် တနင်္သာရီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံ ညှိနှိုင်းတင်ပြထားရှိ

ကြောင်း၊ မြိတ်ခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှမန်နေဂျာဦးသန်းစိုးထံက သိရှိရသည်။ 

နန်းသာရီ-ထိန်ဝင်း

No comments:

Post a Comment