Thursday, August 26, 2021

ဝန်းသိုမြို့နယ်ရှိ ကျေးရွာနှစ်ရွာ၌ VDPစီမံကိန်းရန်ပုံငွေဖြင့် စာသင်ကျောင်းဆောင် ဆောက်လုပ်လျက်ရှိ

 


ဝန်းသို ဩဂုတ် ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် အောင်သာကုန်းကျေးရွာနှင့် အလယ်ခုံ ကျေးရွာတို့တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစီမံကိန်း (Village Development Plan)ရန်ပုံငွေဖြင့်  စာသင်ကျောင်း ဆောင် အသစ်ဆောက်လုပ်ခြင်းနှင့် စာသင်ဆောင် တိုးချဲ့ဆောက်လုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်သာကုန်းကျေးရွာတွင် ပေ (၆၀×၃၀)၊ အမြင့် ၁၂ ပေရှိအုတ်ညှပ်အမျိုးအစား တစ်ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်းလုပ်ငန်းကို VDPစီမံကိန်းရန်ပုံငွေ ကျပ်သိန်း ၁၀၀ နှင့် ပြည်သူထည့်ဝင်ငွေကျပ် ၅၆သိန်းဖြင့်လည်းကောင်း၊ အလယ်ခုံကျေးရွာတွင် မူလပေ (၆၀×၃၀)  အမြင့် ၁၂ ပေရှိ ကျောင်းဆောင်အား ပေ ၃၀ ( မျက်နှာကျက်အပါ) တိုးချဲ့ဆောက်လုပ်ခြင်း လုပ်ငန်းကို VDPစီမံကိန်း ရန်ပုံငွေကျပ်သိန်း ၁၀၀ဖြင့်လည်းကောင်း ကျေးရွာဖွံ့ဖြိုးရေးကော်မတီတို့က ဦးဆောင်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

အဆိုပါလုပ်ငန်းများ သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြတ်မျိုးထွန်းနှင့် တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ရာ အောင်သာကုန်း ကျေးရွာတွင် လုပ်ငန်းအားလုံး၏ ၉၅ ရာခိုင်နှုန်း၊ အလယ်ခုံကျေးရွာတွင် ၈၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ကျော်မြိုင်

No comments:

Post a Comment