မက်မန်း သြဂုတ် ၂၅
ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် နှင့်တာဝန်ရှိသူများသည်သြဂုတ်(၂၅)ရက်နံနက်(၉)နာရီခွဲရှမ်းပြည်နယ်(အရှေ့)ပိုင်းလမ်းဦးစီးဌာနမှတာဝန်ယူဆောင်ရွက်နေသောမိုင်းပျဉ်း-မက်မန်းလမ်းအား လမ်းဦးစီးဌာနမှတာဝန်ရှိသူ တစ်မှရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက လိုအပ်သည်များဖြည့်စွက်မှာကြားပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း) မက်မန်းမြို့ ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင်ခရိုင်၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့်တွေ့ဆုံ ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက မိမိတို့အစိုးရအဖွဲ့တာဝန်ယူထမ်း ဆောင်လာခဲ့သည်မှာ(၂၇)ပတ်အတွင်း ရောက်ရှိလာသည့်အချိန်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ပါဝင်နေသော မက်မန်းမြို့သည်ဝေးလံသောဒေသတစ်ခုတွင်ပါဝင်နေပါကြောင်း၊၊မက်မန်းမြို့သည် မိုင်းပျဉ်းဒေသမှ လာရောက်ပါ က ကီလို(၁၀၉)ကီလိုမီတာရှိပြီး မိုင်အားဖြင့်(၆၇)မိုင်သာရှိကာ တော၊တောင်အထပ်ထပ်ဖြတ် ကျော်ရသောကြောင့် ရောက်ရှိအောင်လာခဲ့ပြီး ဤဒေသတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ အား တက်ဝမ်းမြောက်ရှိစေရန် လာရောက်အားပေးခြင်းဖြစ်ပါကြောင်း၊ မက်မန်းဒေသတွင် လာရောက်တာဝန် ထမ်းဆောင်နေသောဝန်ထမ်းများ သည် ရပ်ဝေးမှလာခဲ့ရပြီး စားသောက်နေ ထိုင်မှုတွင်လည်း အခက်အခဲများနှင့် လိုအပ်ချက်များရှိနိုင်ပါကြောင်း ၊ဒါကြောင့်မိမိတို့အနေဖြင့် ရောက်အောင်လာခဲ့ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပျော်ရွှင်စွာတာဝန်ထမ်း ဆောင်ပေးသည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၊ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအနက် ဒေသ ဖွံဖြိုးရေး ကိစ္စရပ်များအား ဖြည့်စီး ဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားထားသည့် တိုင်းဒေသကြီး၊ပြည်နယ်များသည် လမ်းပန်းဆက်သွယ်ရေး ကောင်းရမည်ဖြစ် ကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရန်မိမိတို့အနေဖြင့်တောနှင့်မြို့ကွာဟာချက်များ အတတ်နိုင်ဆုံး နည်းပါးအောင်ဆောင်ကျဉ်းပေးကြရန်မှာကြားခဲ့ပါကြောင်း၊မက်မန်းမြို့သည်အိမ်ခြေ(၇၇)အိမ်သာရှိပြီးလူဦးရေအားဖြင့်ဒေသခံနှင့်ဝန်ထမ်းများအပါမှ (၃၀၀)ကျော်ခန့်သာရှိ၍ ကိုဗစ်-၁၉ရောဂါကင်းစင်သော ဒေသဖြစ်ကြောင်းနှင့် နယ်ခြားစောင့်တပ်အဖွဲ့၊ ခရိုင်အုပ်ချုပ်ရေးမှူးအဖွဲ့မှ စည်းကမ်းကြပ်မတ်စွာ ဆောင်ရွက်ပေးကြသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ဤဒေသတွင် ဝန်ထမ်း များအတွက်စားသောက်ရေး ခက်ခဲမှုရှိနိုင်သောကြောင့် မိမိတို့အနေဖြင့် စားသောက်စရာနှင့်ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်သွားမှာ ဖြစ်ကြောင်း၊ မိမိတို့ရောက်ရှိလာသည့်အချိန်တွင် ဒေသအနေဖြင့်လိုအပ်ချက်များရှိပါက အားလုံးကဝိုင်းဝန်း ဆွေးနွေးပေးကြရန် ပြောကြားသွားသည်။
ဆက်လက်ပြီး ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း ၊ ပြည်နယ်ဝန်ကြီးများ နှင့် တာဝန်ရှိသူတို့သည် မက်မန်းမြို့ရှိ ပညာဒီပ ထေရဝါဒဗုဒ္ဓ ဘုန်းတော်ကြီး ပညာသင်ကျောင်းသို့ သွားရောက်ကာ ကျောင်းထိုင် ဆရာတော်အား ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ပေးခဲ့ကြပြီး မက်မန်း - ဗလကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေသာ မြေထိန်း နံရ ( ၄၀၀' X ၁၀' X ၃' ) ဆောင်ရွက် နေမှုများနှင့် ရွှေမော်ဖ ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေသာ We Love Matman View Point (၃၀' x ၂၀ ') ဆောင်ရွက်နေမှုအား ဝင်ရောက်ကြည့်ရူခဲ့ပြီး ပြည်နယ် ဝန်ကြီးချုပ်မှ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရှိရသည်။
မောင်မောင်သန်း (တောင်ကြီး)


No comments:
Post a Comment