မက်မန်း
သြဂုတ် ၂၆
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊
ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ၊
ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများသည်
ယမန်နေ့နံနက်(၉)နာရီခွဲက ရှမ်းပြည်နယ် (အရှေ့)ပိုင်း သို့ရောက်ရှိရာ
လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် မိုင်းပျဉ်း-မက်မန်း လမ်းအား
လမ်းဦးစီးဌာနမှတာဝန်ရှိသူ တစ်ဦးက ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်
ဒေါက်တာကျော်ထွန်းက လိုအပ်သည်များဖြည့်စွက် မှာကြားကာ မက်မန်းမြို့ရှိ
ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင်
ခရိုင်၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် တွေ့ဆုံ၍ အမှာစကားပြောကြားခဲ့
ကြောင်း သိရသည်။
ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊
ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက မိမိတို့ အစိုးရအဖွဲ့တာဝန်ယူထမ်းဆောင်လာခဲ့
သည်မှာ(၂၇)ပတ်အတွင်း ရောက်ရှိလာသည့်အချိန်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင်
ပါဝင်နေသောမက်မန်းမြို့သည် ဝေးလံသောဒေသတစ်ခုတွင် ပါဝင်နေပါကြောင်း၊
မက်မန်းမြို့သည် မိုင်းပျဉ်းဒေသမှ လာရောက်ပါက ကီလို(၁၀၉)ကီလိုမီတာ ရှိပြီး
မိုင်အားဖြင့်(၆၇)မိုင်သာရှိကာ တော၊တောင်အထပ်ထပ်ဖြတ်ကျော်ရသောကြောင့် ရောက်ရှိ အောင်လာခဲ့ပြီး
ဤဒေသတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား တက်ဝမ်းမြောက် ဝမ်းသာရှိစေရန်
လာရောက်အားပေးခြင်းဖြစ်ပါကြောင်း၊ မက်မန်းဒေသတွင် လာရောက်တာဝန်
ထမ်းဆောင်နေသောဝန်ထမ်းများသည် ရပ်ဝေးမှလာခဲ့ရပြီး စားသောက်နေ ထိုင်မှုတွင်လည်း
အခက်အခဲများနှင့် လိုအပ်ချက်များရှိနိုင်ပါကြောင်း ၊ဒါကြောင့်မိမိတို့အနေဖြင့်
ရောက်အောင် လာခဲ့ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့်
ပျော်ရွှင်စွာတာဝန်ထမ်းဆောင်ပေးသည့်အတွက် အထူးကျေးဇူး တင်ရှိပါကြောင်း၊
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၊ နိုင်ငံတော်ဝန်ကြီး ချုပ်၏
လမ်းညွှန်မှာကြားချက်များအနက် ဒေသဖွံဖြိုးရေး ကိစ္စရပ်များအား ဖြည့်ဆည်း
ဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားထားသည့် တိုင်းဒေသကြီး၊ပြည်နယ်များသည် လမ်းပန်း ဆက်သွယ်ရေး
ကောင်းရမည်ဖြစ်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရန်မိမိတို့ အနေဖြင့်
တောနှင့်မြို့ကွာဟာချက်များ အတတ်နိုင်ဆုံးနည်းပါးအောင်ဆောင်ကျဉ်းပေးကြရန်
မှာကြားထားခဲ့ပါကြောင်း၊ မက်မန်းမြို့သည်အိမ်ခြေ(၇၇) အိမ်သာရှိပြီးလူဦးရေအားဖြင့် ဒေသခံ
နှင့်ဝန်ထမ်းများအပါမှ (၃၀၀)ကျော်ခန့်သာရှိ၍ ကိုဗစ်-၁၉ရောဂါကင်းစင်သော ဒေသဖြစ် ကြောင်းနှင့်
နယ်ခြားစောင့်တပ်အဖွဲ့၊ ခရိုင်အုပ်ချုပ်ရေးမှူးအဖွဲ့မှ စည်းကမ်းကြပ်မတ်စွာ
ဆောင်ရွက်ပေးကြသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ဤဒေသတွင် ဝန်ထမ်း များအတွက် စားသောက်ရေး
ခက်ခဲမှုရှိနိုင်သောကြောင့် မိမိတို့အနေဖြင့် စားသောက်စရာနှင့် ကိုဗစ်-၁၉
ရောဂါကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်သွားမှာဖြစ်ကြောင်း၊
မိမိတို့ရောက်ရှိလာ သည့်အချိန်တွင် ဒေသအနေဖြင့်လိုအပ်ချက်များရှိပါက
အားလုံးကဝိုင်းဝန်းဆွေးနွေးပေးကြရန် ပြောကြားသည်။
ဆက်လက်၍ရှမ်းပြည်နယ်အစိုးရအဖွဲ့မှမက်မန်းခရိုင်ကိုဗစ်၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့အား
ငွေကျပ်(၁၀) သိန်း၊ မက်မန်းခရိုင်၊မြို့နယ်များတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း
များအတွက် စားသောက်ကုန်ပစ္စည်းများနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက်
နယ်ခြားစောင့်တပ်အား ငွေကျပ်သိန်း(၂၀)တို့ကို ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းက
ပေးအပ်ရာ မက်မန်းခရိုင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကေယ်မတီ
ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးနှင့် နယ်ခြားစောင့်တပ်မှူး ဦးစိုင်းယီတို့က လက်ခံရယူပြီး၊
မက်မန်းမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီသို့
ငွေကျပ်(၁၀)သိန်းကို ပြည်နယ် သယံဇတဝန်ကြီး ဦးစိုင်းလိတ်ကပေးအပ်ရာ
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းလင်းအောင်က လက်ခံရယူ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်ရေးပစ္စည်းများဖြစ်သည့်
mask(၂၀၀၀၀)၊ Hand Gel (၅၀)Face Shield(၅၀၀)၊ P PE(၅၀)၊ Surgical
Gowns(၁၀၀)၊Surgical Cap(၁၀၀)၊ Oxygenerator(၁)၊ParaTab(၁၀)ဗူး၊VlTAC Tab
(၂၀)ဗူး၊ဓာတ်ဆားထုပ်(၁၀၀)တို့ ကို ပြည်နယ် ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊
ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ်တင်ကိုကို၊ အတွင်းရေးမှူးဦးနေလင်းတို့ကပေးအပ်ရာ
တာဝန်ရှိသူအသီးသီးက လက်ခံရယူသည်။
ထို့နောက် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ
အတွင်းရေးမှူး မြို့နယ် ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်ကိုဝင်းက
ကျေးဇူးတင်စကားပြောကြားပြီး တက်ရောက်လာသည့်ဌာနဆိုင်များက
ဒေသလိုအပ်ချက်များတင်ပြကြရာ သက်ဆိုင်ရာဌာနများမှပြန်လည်ဖြေကြားသည်။
ယင်းနောက်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းက နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး ရှမ်းပြည်နယ် ဝန်ကြီးချုပ်
ဒေါက်တာကျော်ထွန်းနှင့် တာဝန်ရှိသူတို့ သည် မက်မန်းမြို့ရှိ
ပညာဒီပထေရဝါဒဗုဒ္ဓဘုန်းတော်ကြီး ပညာသင်ကျောင်းသို့ သွားရောက် ကာ ကျောင်းထိုင်ဆရာ
တော်အား ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ပေးခဲ့ကြပြီး
မက်မန်း - ဗလကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေသာ မြေထိန်း နံရံ ( ၄၀၀' X ၁၀' X ၃' )
ဆောင်ရွက်နေမှုများနှင့် ရွှေမော်ဖ ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေသာ We Love
Matman View Point (၃၀' x ၂၀ ') ဆောင်ရွက်နေမှုအား
ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များ
ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)
No comments:
Post a Comment