ပြင်ဉီးလွင် ဩဂုတ် ၂၄
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဉီးလွင်မြို့နယ်အတွင်း Stay at Home သတ်မှတ်ကာလများအတွင်း ကိုဗစ် -၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် စည်ပင်သာယာမြို့မဈေးကြီးအတွင်း ဖွင့်လှစ်ရောင်းချနေသော ဈေးဆိုင်များအားလုံး ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချလျက် ရှိသည်။
အဆိုပါ ဈေးများတွင် ဈေးရောင်းသူ၊ ဈေးဝယ်သူများအနေဖြင့် Mask
အား မဖြစ်မနေတပ်ဆင်ရန်၊ တစ်ဦး နှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ရန်၊
မကြာခဏလက်ဆေးခြင်း စသည့်များကို တိကျစွာ လိုက်နာဆောင်ရွက်ရန် ပညာပေးခြင်း၊ ကြီးကြပ်ခြင်း၊ အသိပေးခြင်း
လုပ်ငန်းများနှင့် အရေးယူဆောင်ရွက်ခြင်းစသည့်
လုပ်ငန်းတို့ကို နေ့စဉ် တာဝန်ရှိသူများနှင့် ဈေးကော်မတီဝင်များ
ပူးပေါင်းကာ ကွင်းဆင်းစစ်ဆေးကြီးကြပ် ဆောင်ရွက်လျက်ရှိသည်
။
ယခုအခါတွင် မြို့နယ်အတွင်း သွားလာခွင့် စည်းကမ်းကန့်သတ်ချက်များ ထပ်မံတိုးမြှင်ထားသဖြင့် မြို့မဈေးကြီး အတွင်းရောင်းချနေသော သားငါးရုံနှင့် စားကုန်သောက်ကုန်များကိုသာ နံနက် ( ၆ ) နာရီ မှနေ့လယ် (၁၂) နာရီ အထိ ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ကျန်ဈေးဆိုင်များအား ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ယာယီပိတ်ထားပါ ကြောင်း တာဝန်ရှိသူတစ်ဉီး၏ ပြောကြားချက်အရ သိရှိရသည်။
No comments:
Post a Comment